သပိတ်ကျင်းငလျင်
ဖွေဖွေရှာရှာတွေးစရာမလိုလောက်အောင်ထင်ရှား စိုးရိမ်ထိတ်လန့်နေတဲ့သူတို့မျက်နှာများ
ဘယ်အချိန်လာမယ်မှန်းမသိတဲ့သဘာဝတရား ကြိုတင်ပြင်ဆင်နိုင်ဖို့ဆိုတာခက်သားလားဗျာ
ကျောက်တောင်တွေသာဝန်းရံခဆန်ရှားတဲ့ဒေသမှာရောက်နေတဲ့ကမ္ဘာ အကူအညီတကယ်လိုနေတာပါ
တောင်အသွယ်သွယ်တောအထပ်ထပ် ပြေးဆင်းပြေးတက်ရက်ကယ်ပေါ့ တွေ့မယ့်တွေ့တောလည်း
မြို့ကလေးကတောင်ခြေကမြစ်ကမ်းဘေးမှာ ယဲ့ယဲ့သာကျန်ရစ် သူနှိပ်စက်တာ ကိုးဆယ့်ငါးကြိမ်တဲ့ကွယ်
ရွှေတွေထွက်ပေမယ့်ဆန်မထွက်လေတော့ ရွှေကျောင်းပြောင်ပြောင်ဝမ်းဟောင်ဟောင်ဖြစ်နေရလေရဲ့
တိုက်တိုက်ဆိုင်ဆိုင်ဒီဘေး လက်ပတန်းတောင်အရေးနဲ့ကြုံ မီဒီယာတွေလမ်းကြောင်းမဆုံဖြစ်လေတော့
သူတို့တွေအမေ့ခံဖြစ်ရတော့တယ် စားလည်းဒီစိတ်…… အိပ်လည်းဒီစိတ် …… ဘာလုပ်လုပ်ဒီစိတ်နဲ့ ရှင်သန်နေရ
သဘာဝဘေးဆိုတာ ပြောမယုံကြုံမှသိ တကယ်ထိမှသိနိုင်ငဲ့ ဘာမှန်းမသိတာကိုပူပင်နေရတဲ့ဒုက္ခ စကားလုံးနဲ့ပြဖို့ဆိုတာ
မလွယ်ရေးချမလွယ် ဒါပေမယ့် ငါကဗျာရေးပြမိတာ ခွင့်လွှတ်နိုင်ပါစေကွယ် ။ ။
တင်မျိုးနိုင်
Comment #3
ကောင်းတယ်ဗျာ။စီးပွါးတိုးလို့ ဒီထက်မကလှူဒါန်းနိုင်ပါစေ။

Comment #4
သာဓုခေါ်ပါတယ်ရှင့်

Comment #1
အရေးအသားကြောင့်လားတော့မသိဘူး။ စိတ်မကောင်းဖြစ်မိတယ်။