အချစ်ဆိုတာဘာလဲ-ကဗျာချစ်သူ(ဘုတလင်)
*အချစ်ဆိုတာ ဘာလဲလို့မေး
တွေးစရာအဖြေညှိ ဤသို့ရှိ၏။
*အတွေးခေါ်ဆရာ အာဘော်ကိုကြည့်
မျက်စိဖြင့်မြင် နှလုံးသားဖြင့်ကြည့်
အသိစိတ်တွင် ကိန်းဝင်ခိုအောင်း
စွဲကျန်ရစ်သည် အချစ်တည်း။
*သင်္ချာဆရာ ဤသို့လာ၏
နှလုံးသားဖြင့်ရေး ဦးနှောက်ဖြင့်တွက်
ရလဒ်အမှန် အကြွင်းမကျန်သည်
ရစ်နှောင်ခြင်းကား အချစ်တည်း။
*ဗေဒင်ဆရာ တွက်ချက်ပြန်သည်
အချစ်နက္ခတ်ဆုံ ကြုံလာအခိုက်
ရင်းတွင်းဖြစ်ပေါ် ဆန္ဒလွန်ကဲ
စွဲလန်းပိုတာ အချစ်တည်း။
*ဘယ်လိုတွေးတွေး ဘယ်လိုပင်ရေးသော်လည်း
အချစ်ခွန်အား လွန်ကြီးမားက
ဦးနှောက်နှလုံး ပျက်သုန်းသွားအောင်
စွမ်းဆောင်နိုင်တာ အချစ်တည်း။
သင်ကော အချစ်ဆိုတာဘာလဲ?
ကဗျာချစ်သူ
[email protected]
Comment #3
အချစ်ဆိုတာဘာလဲတော့သေသေချာချာမသိဘူး ဒါပေမယ့် ကျွန်တော်ကတော့ အချစ်ထက်အမုန်းကိုပိုချစ်တယ် ~~
ကဗျာလေး ဖတ်လို့ကောင်းသဗျ
အားပေးသွားပါတယ် ~
With respect,
RAY
Comment #4
Ha.ha..
Ko x ray,,,
Love hate?
Comment #5
ကိုယ့်အမြင်နဲ့ကိုဘယ်လိုပဲ ယူဆယူဆ ဘော်ဒါအားလုံးအတွက်မှန်တယ်လို့ပဲယူဆပေးမယ်လေ။
Comment #7
အချစ်လား သူဖျားနေတယ်ရှင့်
Comment #8
ကျွန်တော် နေကောင်းသွားပါပြီ။ စိတ်မရှိနဲ့နော် စတာ။
Comment #1
Wow….
Right.
Super. like.