ဒီလောက်ဘဲမင်းကိုချစ်နိုင်မယ် !!!
ချောင်ပိတ်ရိုက်ထားတဲ့မျက်နှာပေါ်မှာ
အခုချိန်ထိပြုံးလို့ရနေတယ်ချစ်သူ ~
မနမ်းတော့တာကြာပြီဆိုပေမယ့်
ငါ့ရင်ဘတ်မှာဒီစကားလုံးတွေ
အသက်ရှူနေတုန်းပါ ~
မင်းမသိတော့ပေမယ့်
မင်းစွန့်ကြဲခဲ့တဲ့အမုန်းတွေကို
တစ်ပွင့်စီလိုက်ကောက်ရင်း
ငါ့ရင်ဘတ်ကြီးသွေးသံရဲနေဆဲပါ ~
ဒါပေမယ့်လည်းချစ်သူ…
မင်း ရုန်းထွက်မရတော့ဘူးဆို
ပျော်နေလိုက်ပါ
တားဆီးမရတော့ဘူးဆို
ထားခဲ့လိုက်ပါ
ထိန်းချုပ်မရတော့ဘူးဆို
ဖွင့်အန်လိုက်ပါ
လှည့်မကြည့်တော့ဘူးဆို
လမ်းဆုံးရောက်အောင်လျှောက်လိုက်ပါ
ဒီ လောက် ဘဲ မင်း ကို ချစ်နိုင်မယ်. . . ။
Ray
Comment #2
မှန်တာပေါ့ အကိုရာ…အဲလောက်ပဲ ချစ်နိုင်မယ်…ဟဲဟဲ

Comment #3
အဲလောက်ပဲချစ်နိုင်တဲ့ ချစ်သူတစ်ယောက်တောင် လိုချင်လာပြီနော် .. ရေးတတ်ပုံက လက်ဖျားခါတယ်ရှင်

Comment #4
ကောင်းပါ၏
တော်တော့ပေါ့ဒီလောက်ချစ်တာတောင်လွန်နေပြီ 😀

Comment #5
ကဗျာလေး ဖတ်သွားကြတဲ့ ကိုကျော်နိုင်လင်း ၊ ကိုရဲမင်း ၊ မမေပျို ၊ loafer ကျေးဇူးပါဗျာ
နောင်ကိုလည်း ကျွန်တော့ကဗျာတွေကို အချိန်ရလို့ဖတ်ဖြစ်ရင် စိတ်ထဲရှိတဲ့အတိုင်းဝေဖန်နိုင်ပါတယ် ~~
With respect,
RAY

Comment #6
သတိတရ ခံစားအားပေးသွားပါသည် ။
ပျော်ရွှင်ပါစေခင်ညာ
မမိုး

Comment #7
အစ်မတော်မိုး ကဗျာမတင်တာကြာပြီနော်
အလုပ်များနေလို့လားဗျ
ကျွန်တော့ကဗျာလေးကို တကူးတကအားပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်ဗျာ ။
With respect,
RAY

Comment #8
မမိုးကိုယ်စားဖြေပေးမယ်နော်..
အလုပ်များလို့မဟုတ်ပါဘူးကွဲ. ..အိမ်ထောင်ကျစမို့ပါ။

Comment #9
ဟား အစ်မတော်အသဲကွဲမိုးအိမ်ထောင်ကျသွားတယ်ဆိုတာ တကယ်လားဗျ
နောက်နေတာဆိုရင်တော့ မနောက်သင့်ဘူးထင်တယ်ဗျာ ~~
With respect,
RAY

Comment #10
ဟာ…ပေါက်ကရဗျာ …ဟားဟားဟားလို့ တောင်အော်ရယ်လိုက်ချင်တယ်
STILL SINGLE ပါဗျာ

Comment #11
ဒီထက်ပိုပြီးလဲ ချစ်မရတော့ဘူးလေ။ ဒီကဗျာကိုကြိုက်တယ်။

Comment #12
ကဗျာလေးကိုကြိုက်တယ်ဆိုလို့ တကယ်ဝမ်းသာမိတယ်ဗျာ
ကျွန်တော့ကဗျာကို အားပေးသွားတဲ့ miss tower ကျေးဇူးပါဗျာ ။
အစ်မတော်မိုးရေ
ကိုကျော်နိုင်လင်းဆိုတဲ့လူက တော်တော်နောက်တာဘဲဗျ
အစ်မတော်မိုးက single ဆိုရင် သူကဘာလို့ double လို့ပြောရတာလဲ အဲ့ဒီလူ အဲ့ဒီလိုတော့မနောက်သင့်ဘူး ကျွန်တော်က အစ်မတော်မိုးကို ကျွန်တော့အစ်မအရင်းတစ်ယောက်လိုခင်တာမဟုတ်ရင်တောင် အစ်မအရင်းတစ်ယောက်နီးနီးကိုခင်ပါတယ် ဒါကြောင့် အစ်မ Still Single လို့ပြောသွားတာကို ကျွန်တော်ယုံပါတယ် ။
With respect,
RAY

Comment #13
အားပေးသွားတယ်ဗျို့ 😀 မင်းမသိတော့ပေမယ့်
မင်းစွန့်ကြဲခဲ့တဲ့အမုန်းတွေကို
တစ်ပွင့်စီလိုက်ကောက်ရင်း
ငါ့ရင်ဘတ်ကြီးသွေးသံရဲနေဆဲပါ ~ ဂွဒ်

Comment #14
တကူးတကကဗျာကိုဖတ်သွားတဲ့အတွက် အစ်ကိုမြတ်သူကိုကျေးဇူးအများကြီးတင်ပါတယ်
နောင်လည်း ကျွန်တော့ကဗျာလေးတွေကို ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ပါတယ် ~~
With respect,
RAY

Comment #1
ကဲလုပ်ချလိုက်ပြန်ပြီ။Heart ထိစေတယ်ဗျာ။