ရာသီမဲ့ပန်း
(၁)
အကြည့်များ _ စကားများ
နားနှင့် မျက်စိအတွင်း
လည်ပင်းဖက်အ၀င်
မညဉ်းမတွား-တစ်ခရီးသွားများအဖြစ်
သစ်လွင်မွှေးပျံ့
ရနံကြွယ်နေကြသတဲ့။
(၂)
အပြုံးရဲ့အကွယ်
အရယ်ရဲ့ အနောက်
မျက်မှောက်ကာလမှာ
သာယာမိသလိုလို
‘ငိုသောသူ အသက်တိုဧ။်’
မချိတင်ကဲစကား
လွမ်းဖို့များ မတွေးရဲပါ့။
(၃)
ဘာပဲဖြစ်ဖြစ်၊
(ချစ်ချင်တယ်
ချစ်နေတယ်
ချစ်နေဦးမှာပဲ)
နေမြဲအခြေဘ၀မှ
ရေခဲဒေသသို့
အေးမြခြင်းကိုလိုသူ
နေအပူမှာရပ်လို့
မတ်တတ်သာ ငေးမျှော်ရတော့မှာပါ့။
(၄)
နှစ်လွှာထပ်သော ပန်းများနဲ့
လာတတ်သောလမ်းများမှာ
ခမ်းနားစွာ ပြင်ဆင်
ရင်ခွင်ဧ။်လှုပ်ခါခြင်း
မြင်,မြင်သည့် ရုပ်လွှာအဆင်း
အင်း
သူ့ကိုတော့ တွေ့ပြီ။
(၅)
အနီရောင်ကောင်းကင်ထဲ
ရဲတင်းစွာ ဇွတ်တိုး
နတ်ဆိုးရဲ့ ချင်ခြင်း
သက်ပြင်းရဲ့ ခြေရာ
(ဒါ) ငါ အချစ်ဆုံး ဒုက္ခမြစ် ။
(၆)
အပြစ်ကင်းသော အပြုံးကြားမှ
တစ်ဆစ်တင်းသော အသုံးစကားကြောင့်
တစ်ထောင့်ငါးရာအချစ်များ
ခြေဖ၀ါးဧ။်အောက်
ဒေါက်ဖိနပ်ဧ။် နင်းချေမှု
(သူတို့)
အခု ကြေမွသွားကြသည်
အရည်မဲ့ ပတ္တမြားတွေ။
(၇)
ကြွေမိတ်ကပ်ပါးပြင်ပေါ်မှာ
ရွှေတံဆိပ် တပ်ထားချင်သူမို့
သူတို့ရဲ့ ဓလေ့စရိုက်
(တိုက်ပုံနဲ့ ချည်ပုဆိုး)
ဘယ်တိုးလို့ရနိုင်ပါ့မလဲလေ။
(၈)
မြေကြီးနဲ့ကောင်းကင်
အပြင်နဲ့ အတွင်း
အလင်းနဲ့ အမှောင်
အရောင်မဲ့ ခြားနားမှု
(အတုအယောင်)ဒြပ်ထုများလက်မှာ
မာယာ
ပြီးတော့ မာယာ
ရက်ရာဇာများလည်း မှားယွင်းခဲ့
(အို)
ချစ်ခြင်းမဲ့စွာ။
(၉)
မေတ္တာသမား အမှန်မို့
အနစ်နာများခံလို့
အကြံတူရင်တော်
ရန်သူမထင်
အလံဖြူတင်မယ့်သူပါ
(ဒါပေမယ့်)
‘မတန်ဘူး’ ဆိုတဲ့ စကားဆူးဒဏ်
မခံဘူးလို့ တအားရူးအောင်ခံရတယ်
(တကယ်တော့လည်း)
ရုပ်မွဲပြာ သူမြင်ပေမယ့်
ကျုပ်အသည်းလွှာ ဖြူစင်တာကို
ယူငင်ကာ ပြနိုင်စွမ်းမရှိလေတော့
လွမ်းရစ်ပေါ့နော်။
(၁၀)
သြော်
အချစ်ရဲ့ နောက်ဆုံးထွက်သက်
အရက်စက်ဆုံးအဖြေ
ဝေဒနာရဲ့ လမ်းစ။
(၁၁)
ခဏဧ။်ထိရှချက်
တစ်သက်မက
နောက်ဘ၀ဧ။် ဟိုဘက်အထိသာလျှင်
နာကျင်စေတော့မည်
သည်မျှတိုင် ရှိစေ။
(၁၂)
နွေအခါ လွမ်းမောလို့
ရေမလာ ပန်းမမျောတဲ့
စမ်းကြောမှာ ထိုင်မိတယ်
မှိုင်းရစ်ဆင် ငြိုးစိတ်ကြောင့်
တိုင်းရှစ်ခွင် ဖြိုးသိပ်တဲ့
မိုးရိပ်ထဲ ထိုင်မိတယ်
ဆွေးငိုစရာ အလင်းမကူတော့
အအေးပိုကာ အဆင်းဖြူတဲ့
နှင်းမြူထဲထိုင်မိတယ် မေ
ကြေကွဲနွံနစ်။
(၁၃)
အချစ်ကို ကိုးကွယ်မိသူမို့
အပြစ်လို ဆိုးတယ်ဆိုချင်ဆို
အသစ်ဆို ပိုးငယ်မျှပင် အလိုချင်တော့ပါဘူး
ရူးသွပ်ကြမ်းတမ်း
အလွမ်းဇာတ်အတွင်းမှာ
တစ်ခန်းရပ်ခင်းရင်း
အနမ်းဓာတ်ကင်းတဲ့ ဝေဒနာကြောင့်
မလန်းတတ်တော့တဲ့ ၀ိညာဉ်
ဝေဟင်ထဲမှာ လွင့်မျောလိုက်ချင်တော့တယ်
အပါယ်ကျတဲ့သူ။
(၁၄)
သူ မာနထားပေမယ့်
အယူဝါဒ မခြားသူမို့
(အလားတူ)
ပေးအပ်လို့ထားတဲ့အချစ်
အဖြစ်ဆိုးဘ၀တွေနဲ့
နှစ်ဆလေ ပိုချစ်ခဲ့မိတာ
(ဒါတွေကို ခင်ဗျားတို့ ရှုတ်ချရန်မလို)
သိုသိပ်ဆွေးမြည့်။
(၁၅)
ယနေ့
(ယခုချိန်အခါတိုင်)
သောက၀ဋ်များ မရပ်နားစွေလေလည်း
လောကထွတ်ထား မြတ်ဘုရားထံ
ပန်ရွယ်ဆုခြွေနေမည်သာ
ရာသီမဲ့ပန်းသို့နှယ်
‘မပြယ်မေတ္တာ လှူမိတာတွေ
တကယ်ချစ်တာ သူသိပါစေ’ ဟု။ ။
ကိုငယ်-ရုက္ခ
SRC: ၉၈ အချစ်ကဗျာ
Comment #2
wow,,,,
wow,,,
excellent thoughts conbine with lovely words.
Comment #3
အားကျတယ် အဲလိုရေးတတ်ချင်လိုက်တာရှင့်
Comment #5
အနီရောင်ကောင်းကင်ထဲ
ရဲတင်းစွာ ဇွတ်တိုး
နတ်ဆိုးရဲ့ ချင်ခြင်း
သက်ပြင်းရဲ့ ခြေရာ
(ဒါ) ငါ အချစ်ဆုံး ဒုက္ခမြစ်
ကောင်းတယ်ရှင်…
Comment #1
ကြည့်စမ်း..ကဗျာသမားပီပီ..ကဗျာဆန်လိုက်တာ။ကောင်းလိုက်တာ။
အပြောလေးကလဲကောင်း..
ဒီအပြောနဲ့ဆို ချစ်သူတွေဝိုင်းဝိုင်းလည်နေမှာပဲ…။