ညီမလေးရေ ကမ္ဘာတုလေး တစ်ခုမှာ ကိုယ်တော့ ဒါလေးတွေ မြင်မိတယ်
ကမ္ဘာတုလေးမှာ တစ်ချို့တွေက ပျော်ရွှင်စွာ နေထိုင်နေကြတယ်
ကမ္ဘာတုလေးမှာ တစ်ချို့တွေက အလိုမကျမှုတွေနဲ့
ကမ္ဘာတုလေးမှာ ညီမလေးက ဘယ်လိုနေထိုင်နေသလဲ?
ကမ္ဘာတုလေးမှာ အသိဥာဏ်ပညာ ပြည့်စုံသူတွေ ရှိသလို
ကမ္ဘာတုလေးမှာ တစ်ချို့တွေဟာ အသက်အရွယ်နဲ့မလိုက်အောင် အသိဥာဏ်တွေ ခေါင်းပါးလို့။
ကမ္ဘာတုလေးမှာ တစ်ယောက်နဲ့တစ်ယောက် မမြင်ချင်ယောင်ဆောင်ကြတယ်
ရင်းနှီးပွင့်လင်းစွာ ဆက်ဆံတတ်တဲ့သူတွေ ရှိသလို
(အရေခွံကောင်းကောင်းခြုံပြီး လှည့်ဖျားတတ်တဲ့သူတွေရောပေါ့)
ကမ္ဘာတုလေးမှာ အာဒံမရှိဘူး ဧ၀မရှိဘူး ပန်းသီးတွေတော့ အများကြီး
ကမ္ဘာတုလေးမှာ မျက်ရည်မရှိဘူး အပြုံးမရှိဘူး (ခံစားချက်ကို ဖေါ်ပြနိုင်တဲ့ အရာတွေသာ အများကြီး)
ကမ္ဘာတုလေးမှာ စကားပြောတတ်တဲ့ မြွေတွေမရှိဘူး
ကမ္ဘာတုလေးမှာ ကိုယ်တို့ကို ကြိမ်းမောင်းဆဲဆိုမယ့် ပါတ်ဝန်းကျင်မရှိဘူး
ကမ္ဘာတုလေးမှာ မရှိတာတွေ အများကြီး
ကမ္ဘာတုလေးမှာ ငြိမ်သတ်နေတတ်တဲ့ ကောင်မလေးတော့ရှိတယ် အဲဒါ မင်းပဲ ညီမလေး။
ကမ္ဘာတုလေးမှာ အခုတလော ခရိုနီ ရေပန်းစားနေတယ်
ကမ္ဘာတုလေးမှာ အခုတလော စစ်ပွဲတွေ ရပ် ရေပန်းစားနေတယ်
ကမ္ဘာတုလေးမှာ အခုတလော Get out OIC ခေတ်စားနေတယ်
ကမ္ဘာတုလေးမှာ ညီမလေး ဓါတ်ပုံတွေရှိတယ်
ကမ္ဘာတုလေးမှာ ညီမလေးကို status တွေနဲ့ ဆက်သွယ်လို့ရတယ်
ကမ္ဘာတုလေးမှာ ညီမလေးက အမြဲတမ်း ဆက်သွယ်မှု ဧရိယာပြင်ပပဲ
ကမ္ဘာတုလေးမှာ အကိုအမြဲတမ်း မင်းကိုရှာဖွေနေရဲ့
ကမ္ဘာတုလေးမှာ အကို့အချိန်တွေကို မင်းအပိုင်ဆုံးပဲ
ကမ္ဘာတုလေးထဲကနေ တကယ့်အပြင်ဘက်ကို မင်းထွက်ဖို့ အစီအစဉ်ရှိ/မရှိ ဆိုတာ
စစ်ပွဲတွေရပ်ဖို့ထက် OIC ထွက်ဖို့ထက် ကိုယ့်အတွက် အရေးကြီးနေတယ်။
တစ်ခုပါပဲ ကမ္ဘာတုလေးမှာ ညီမလေးရှိတယ် အကိုရှိတယ်
ညီမလေးအတွက် status လေးတွေရှိမယ်
ရွာသွန်းနေတဲ့ မိုးရာသီအတုလေးရှိမယ်
နာမည်အမျိုးမျိုးနဲ့ ရာသီစာလေးတွေရှိမယ်
ကဗျာလေးတွေရှိမယ်
လတ်လတ်ဆတ်ဆတ် ဖြစ်နေမယ့် ညီမလေးအတွက် ကိုယ့်ရဲ့ ရင်ခုန်သံတွေရှိမယ်။
- မောင်မြတ်သူ
Comment #2
လတ်လတ်ဆတ်ဆတ် ဖြစ်နေမယ့် ညီမလေးအတွက် ကိုယ့်ရဲ့ ရင်ခုန်သံတွေရှိမယ်။
အဟမ်း
စကားလုံးတွေကတော့ သေလို့ရတယ်နော်
ကဗျာလေး ဖတ်သွားပါကြောင်း ။
With respect,
RAY
Comment #3
Nice Authenic World !!
Comment #1
So much touching.