အချစ်ခံလူသားဖြစ်စေသား…-ကဗျာချစ်သူ(ဘုတလင်)
*မချစ်တတ်ချစ်တတ် အချစ်ငတ်လူသား
နှလုံးသားရှိ ချစ်ခဲ့မိ၏။
*ပထမဆုံးလူ ချစ်မိသူက
ကျောင်းသွားကျောင်းဖော် ငယ်သူငယ်ချင်း
ရင်မှာနစ်စူး အချစ်ဦးရှိ၏
သူနှင့်လွဲသွား မစဉ်းစားတဲ့။
*ဒုတိယလူ ချစ်မိသူက
ရွှေလင်ပန်းမွေး ရွှေအသွေးနှင့်
ရွှေဘုံမှာပျော် စံလေသူက
အဆင့်မတူက မစဉ်းစားတဲ့။
*တတိယသူ ချစ်မိသူက
မတန်မရာ မှန်းရက်လှသည်
ရုပ်ရေပြန်ကြည့် ကိုယ်တိုင်သိလော
နင့်လိုလူစား မစဉ်းစားတဲ့။
*သူများနည်းတူ ချစ်ချင်ပါသည်
ချစ်ခွင့်မရ မချစ်ခဲ့ရပါ
သဘောဝယ်ကျ ချစ်ချင်လှလည်း
မ၀ံ့မရဲ ဖြစ်ခဲ့ရ၏။
*ဖြစ်လိုဆန္ဒ ဆုပန်ရလျှင်
အချစ်ခံလူသား ဖြစ်စေသား…။
ကဗျာချစ်သူ
Comment #2
A hak..
A hak..
😛
By: ei lay at Dec 24, 2012
Comment #3
မရီနဲ့လေ..ရှက်လို့..
By: kyawnainglin174 at Dec 24, 2012
Comment #4
Arr lone paung be hna yout Shi le?
😛
By: ei lay at Dec 24, 2012
Comment #6
A hak,,
A hak.
Kwi..kwi..
10?
I m sure u won’t b the one as ur title.
😛
By: ei lay at Dec 28, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဆုတောင်းလေးပေါ့ဗျာ။ 🙂