စာသင်ခန်းထဲက ပန်းသီးပင်ကလေး ကို တိတ်တိတ်ကလေး ခိုးငေးခန်း
ဒီဇင်ဘာနှစ်ဆယ့်လေး
နှင်းတို့တောင်
မင်းခြေသံမှာ မှိန်ငေးကြပေါ့..
မရယ်ပါနဲ့ မိန်းကလေး
လမ်းနံဘေးက ပန်းကလေးတွေ
မသိမ်မငယ်ပွင့်ပါစေ..
ခေါင်းအငုံ့
ကျောင်းအလာ
မင်းခြေလှမ်းများ
ငါ့အား အသက်ရှုမှားစေသော ယန္တရား
ဆင့်ပွားဖြစ်စဉ်မှာ
တင်းခဲ့သောကြိုးတစ်စ
တီးခတ်ရာ ဂီတကိုငါရခဲ့..
မင်းဟာ ငါ့ရင်ခုန်သံ..
မင်းဟာ ငါ့ဂီတ…
ခေါင်းအမော့
ပြုံးအပြ..
ငါ…လဲကျပြန်ပြီကွယ်..
ဘယ်နတ်ဒေ၀တာကများ
အဲဒီအလှတရားအောက်မှာ
တစ်သက်တစ်ကျွန်းကျခံစေပါလိမ့်..
မင်းရဲ့ ကျောပိုးအိတ်ကလေးကို မနာလိုတယ်
မင်းရဲ့ စာအုပ်လေးကို မနာလိုတယ်
မင်းရဲ့ ခေါင်းစီးကြိုးလေးကို မနာလိုတယ်
အကြိုတော် လေပြည်ညင်းကိုတောင်
မင်းနဲ့ ရင်းနှီးသွားမှာ မနာလိုတယ်..
သူငယ်ချင်း..
နင့်ရဲ့ စာအုပ်ငှားချင်လို့ စာလိုက်မရေးတဲ့ ငါ
ရမှတ် ဗလာနဲ့
မင်းအချစ်ခံ ပြိုင်ပွဲမှာ စာရင်းပေါက်ခဲ့ပေါ့…
အမြင့်မားဆုံး အိပ်မက်..
ထီးတစ်လက်အောက်မှာ မင်းနဲ့လမ်းလျောက်ခွင့်…
ငံ့လင့်ခြင်း….
ကမ်းလင့်ခြင်း…..
တစ်ဖတ်ကမ်းခတ်
အသက်ရှုသံတွေကတော့
သူတို့ သိက္ခာအတွက်
ငါ့ကို တရားစွဲမယ်ဆိုပါတယ်… နေပါ့စေ.။
ငါကတော့…
ရင်ခုန်သံ ဥပဒေသအရ
ကြွေကျရတာများလွန်းတော့.
ငါ့ရဲ့ ပန်းသီးပင်ကလေး..
အခုကစ..
ရေ၀ဖို့သာ ဆုတောင်းပါရဲ့ သူငယ်ချင်း…။
(ငယ်သူငယ်ချင်း ချစ်သူကို ရာဇ၀င်တွင်အောင်ချစ်သော ငယ်သူငယ်ချင်းကြီး တစ်ယောက်အတွက်..)
နိုးဆက် နေ့
Comment #3
goodတယ်ဗျ…
……..ကြိုက်..ခိုက် ..သွားပါတယ်
Comment #5
အဲဒီလိုမျိုးခံစားရဖူးတယ်ဗျ.. Facebook မှာတင်ခွင့်ပြုပါနော်.. တစ်စုံတစ်ယောက်ကို ဖတ်စေချင်လို့ပါ
Comment #7
ဟုတ်ကဲ့ပါအကိုရယ်… နောက်ဆို ခွင့်မတောင်းပါနဲ့..ဗျ ရှဲနိုင်ပါတယ်.. 🙂
အိ…နင်က ဘာလဲ ငါ့ကို လာပြောင်သွားတာလား ဟွန်း 🙁
Comment #1
Nice Writing ~~
With respect,
RAY