ကိုယ်/ပျောက်နေတဲ့/မင်း/စိတ်
တစုံတရာမှာ အမြဲ
တစေ ကပ်ငြိနေတဲ့ စိတ်လို
လက်ရ ဖမ်းဆီးမှုမပြုနိုင်ခင်မှာပဲ
တစ်ရပ် တစ်ပါးသို့ ထွက်ပြေးသွားတဲ့
မင်းရဲ့  အတွင်းသားတွေ
ဟာ ကိုယ့် ရေဒါပေါ်မှာ ပျောက်ရှ
သွားပြီးရင်း သွားရင်းပဲ ၊
ကိုယ့်စိတ်ဟာမင်းရဲ့ အရေခွံတွေ
ကို မကျော်လွန်နိုင်တော့ဘူးလား ?
ဧရိယာပြင်ပ လို့ ပဲ ပြောမလား ? လိုင်းပြတ်ချိတ်ဆက်မှု
ဥပမာတစ်ခုမှာ ကိုယ်ဟာ အသည်းအသန်
နာမကျန်းဖြစ်နေရတဲ့ ပုံသဏ္ဍာန်မမှန် လူ
ညံ့ဖျင်းပေါ့ ကိုယ်ဟာ
သိပ်ညံ့ဖျင်း ပေါ့
အ၀ိဇ္ဇာ …… ။