ဖိနပ်ကလေး တစ်ရံအကြောင်း – နိုးဆက် နေ့
ဖိနပ်ကလေးတစ်ရံ ရှိခဲ့ဖူးတယ်..
ချစ်သော ဖ၀ါးလေးကို
ဆူးတို့ မထိခိုက်ဖို့
ကိုယ့်ဘဝ
ကိုယ့်တာဝန်
အားသွန်ခွန်စိုက်..
သူ့စိတ်ကြိုက်
မမောမပန်း လိုက်ခဲ့..
သက်တမ်းကုန်
သဲကြိုးအပြတ်မှ
ခပ်စိမ်းစိမ်း အကြည့်တစ်ချက်..
သူ စွန့်ရက်ခဲ့..။
သဲကြိုးပြတ်
ဖိနပ်ကလေး..
လမ်းကိုမမြင်
သခင့်ကိုသာ ခုံမင်လျက်..
မျက်ရည်မြစ်… ထဲ
ရပ်နေရစ်…။။
နိုးဆက် နေ့
Comment #3
Nice thinkings with sweet love.
By: ei lay at Dec 26, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အင်း သဲကြိုးကဘာလို့ပြတ်ရတာလဲ သိဖူး .. မပြတ်ရင်ကောင်းမှာပဲနော်