ရနံ့ကြွေ
ချစ်သူရဲ့အလွမ်းရှထားတဲ့
ဆောင်းရဲ့ ပန်းလှလှတွေ
အဆိပ်သင့်အိပ်မက်ထဲမှာမှ
မွ….ကြေ…
နွမ်း….လျ
ပျော်ရမယ့် ည နေ့တွေကိုပဲ တမ်းတလို့
လရောင်မရှိတဲ့ လမ်းမမှာ
ကြွေရမယ့်ကြယ်တွေလည်း ပန်းလှပေါ့။
ကောင်မလေးရေ…
တိုး
တိတ်
တမ်း
တ
နှုတ်ခမ်းအလှမှာ
မခမ်းနားတဲ့ အလွမ်းစကားတွေနဲ့
ရနံ့ချိုမှန်သမျှ…ကျွမ်းသွားပြီ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Toe Tate tann ta nay Dar dot a hman be.
😛
😛