စုန်း
မတော်တဆအကြည့်မှာ
ချော်ကျရင်းငြိသွားတဲ့ကြိုး
သူမရဲ့အပြုံးတိုးတိုးတစ်ပွင့်နဲ့
ငါ့အထီးကျန်ညတွေညှိုးလွင့်ခဲ့။
သူမရဲ့ ဆံကေသာအရမ်းအခါမှာ
ပန်းကဗျာတွေ အထပ်ထပ်သစ်ရင်း
နှုတ်ခမ်းနှစ်လွှာမှာ ခဏခဏနစ်
ကြာတော့…လွမ်းစရာတွေအမှတ်တရဖြစ်ပေါ့။
ဝေဒနာအသစ်အဆန်းတွေနဲ့
အသေအချာ ပစ်ဖမ်းတတ်တဲ့
ချစ်သော သူမလေးရေ…
မင်းရဲ့ အသံတိတ်ပြုစားမှုတွေထဲ
အံကြိတ် ကုစားလို့မရတဲ့အဆုံး
(ငါ့ခမျာ…)
”မင်းကိုချစ်တယ်”ဆိုပြီး ကျရှုံးလိုက်ရတယ်….။
Comment #2
ကောင်းလိုက်တဲ့ကဗျာ။
By: miss tower at Dec 26, 2012
Comment #4
i like so much both title & poem
By: ei lay at Jan 1, 2013
Comment #5
ဝေဒနာအသစ်အဆန်းတွေနဲ့
အသေအချာ ပစ်ဖမ်းတတ်တဲ့
ချစ်သော သူမလေးရေ…
မင်းရဲ့ အသံတိတ်ပြုစားမှုတွေထဲ
အံကြိတ် ကုစားလို့မရတဲ့အဆုံး
(ငါ့ခမျာ…)
”မင်းကိုချစ်တယ်”ဆိုပြီး ကျရှုံးလိုက်ရတယ်….။
Good …..!!!!!!! 🙂
By: နိုးဆက် နေ့ at Jan 1, 2013
Comment #6
နောက် တစ် ကြိမ် ဗျာ။ တန် လွန်း တဲ့ က ဗျာ 🙂
By: n$n at Mar 11, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛
Kaung ma laee pyu sarr Dar dot Tay char ma ti bu.
Mg khai myat ye talkies hla hla laee hte dot ei doe mu twar de.
😛