ယစ်ရွှေရည် (ကြည်အေး)
မြှုပ်စီစီ ကြည်ပယင်း
ယစ်ရွှေရည် သည်ပုလင်းကိုမှ
ယမင်းအမူပိုနှင့်
တူနှစ်ကိုယ် မြှူချိုမွေ့ ရာက
တေ့…
တေ့…
(အဲလေ)တေ့…
တေ့…(ဘာဖြစ်တုန်း၊ ဆက်ရေးလေ)
တေ့…(မရေးရဲဘူး၊ လက်တုန်နေတယ်)
(ကဲလေ…ရေးလိုက်ပါတော့မယ်)
မြှုပ်စီစီ ကြည်ပယင်း
ယစ်ရွှေရည် သည်ပုလင်းကိုမှ
ယမင်းအမူပိုနှင့်
တူနှစ်ကိုယ် မြှူချိုမွေ့ ရာက
တေ့…မော့လိုပါ။
(ကြည်အေး ၏ ယစ်ရွှေရည် မှ)
Comment #2
ဆရာမကြည်အေးရဲ့ ကဗျာတွေ တော်တော်များများကြိုက်နှစ်သက်ပါတယ်။ ရှိရင် ထပ်တင်ပေးပါအုံး…။
By: စိုး at Jul 5, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဆရာကြည်အေး အတွက် category ဖွင့်ပြီး ပြောင်းထည့်လိုက်ပါမယ်။