နိုးတစ်ဝက်ဆုတောင်း
– အလိုမတူတဲ့ ညကို..
အိပ်စက်မှုနဲ့
အဆုံးမသတ်ခဲ့သော.
အရေအတွက်..
သဲမှုန်တ၀က်မကတော့ဘူး..။
– အဓိပ္ပါယ် မလိုတဲ့
ခရီးတစ်ခုကို
ကိုယ့်လက်ကို ကိုယ်ဆွဲ
နွံ အိုင်ထဲကို
ပြေးဆင်းနေတဲ့သူတစ်ယောက်
သင်တို့ သူငယ်ချင်းတော်ရဲလို့လား..။
– ရတာမလိုတော့တဲ့ အချိန်တွေထဲမှာ
ငါလိုတာကို
မေ့ဖို့ တော့ လိုတယ်…
ထိုနေ့ကစ
နေသလိုသာ ဖြစ်ခဲ့ပြီ…။
– ဘာမှမရှိတဲ့ ဘ၀က
လာသော လမ်းမှာ
ငါပြန်လျှောက်နေတယ်..
– ညမှောင်ရီ ညနေတွေထဲ
အသစ်တစ်ခုတော့
ရောင်နီတွေသိမ်းစုပြီး
နီယွန်ထက် လင်းပေးကြပါ..
ညနေတိုင်းနေ၀င်တာ
နှလုံးသားက ကျင့်သားမရချင်လို့..
အိပ်မက်လှတဲ့ အိပ်စက်ခြင်းတွေ
ဒီညကစ သွန်ချပါတော့…… ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service