လွမ်းနေရမယ့် ဒီဇင်ဘာ
စေလိုကစေထားလိုကထား မင်းသွားလိုကသွားနိုင်ပါတယ်
ကိုယ်လေမတားပါဘူး မြိုသိပ်ကာထားနိုင်သူမို့
လေအဝှေ့မှာယိမ်းကာသွားခဲ့ရင် မြေနိမ့်ရာလှံစိုက်တတ်တာမို့
ဖြေသိမ့်ကာရင်ခွင်မိုက်မှာ ညောင်းရက်ကြာရှည်
မနေသာပူကာဆွေးပေမယ့် မမြင်ကွယ်သူရှောင်ပုန်းပါလို့
ရင်ခွင်ကွယ်နေ၀င်သွားခဲ့ပြီ ထားခဲ့သက်လျာ
ထားခဲ့ပါလေ ဗွေမယူတော့ပါဘူး
ဆောင်းအကုန်နွေကူးသလို မင်းရွက်နုဝေ
ရာသီတွေအလီလီပြောင်းပေမယ်
ဆောင်းတွေဝင်ခဲ့ရင် ကိုယ်အမြဲပူလို့
ဒီဇင်ဘာရေ …………
နောင်နှစ်တွေမှာလည်း
ငါ ……………………
လွမ်းနေရအုန်းမယ်ကွယ် ။ ။
တင်မျိုးနိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service