မင်းမသိပါဘူး
သူမ…မုန်းလျှင် ပြန်မပြုံးတတ်လို့ 
ဆင်ခြေမသုံးဘဲ
ထာဝရမုန်းလိုက်ပါတော့ကွယ်…။
ငါကလည်းခက်တယ်
တော်ရုံတန်ရုံ ရင်မဖွင့်တတ်လို့ 
ငါနင့်ကိုချစ်နေတာ
ငါနင့်ကိုလွမ်းနေတာ
ငါနင့်ကိုမြတ်နိုးနေတာ…ဘယ်သူမှမသိလေရဲ့ ။
ဆောင်းညတွေ…
အိပ်မရလို့ …
တစ်…နှစ်…သုံး…လေး…ရီပါတယ်ဆိုမှ
မိန်းကလေးမင်းငါ့ကိုလာနှောင့်ယှက်နေပြန်ပြီ…။
အမုန်းလွယ်တဲ့  နင့် အတွက်တော့
ငါဟာ “အပေါ်စားပြတ်လုံး” တစ်ခုပေါ့
လမ်းဘေး သွားရည်စာ တစ်မျိုးပေါ့
၁ ရက်ခံတဲ့ အညတရပန်းတစ်ပွင့်ပေါ့
လွယ်လွယ်လေးပဲလေ…။
မင်းအသံနဲ့ နိုးကြားခွင့်မရတော့တဲ့ 
ငါ့မနက်မှာတော့…
ဆူသံဆဲသံတွေနဲ့  မိုးလင်းရတဲ့  “မနက်ငရဲ”…။
ဒုက္ခတွေနဲ့ ပူလောင်နေတဲ့ 
ငါ့ရဲ့ နေ့ လည်စာ ဘယ်သူကယ်တင်မှာလဲ
ငါမစားရဲတော့ပါ…။
ကော်ဖီတစ်ခွက်ကို ဒဏ်ရာတစ်ဖဲ့နဲ့ တို့ စားရင်း
ငိုနေခဲ့ရတဲ့ ငါ့ရဲ့ ညတွေ
ငါ့အရိပ်ကတောင် ငါ့ပြန်လှောင်နေသလိုပါပဲ…။
မင်းမရှိတော့အရာရာဟာ လမိုက်(ည)ပါပဲ
အဖြစ်အပျက်အမှန်ကိုမသိတော့
ငါဟာ “လူမိုက်” ပါပဲ…။
Comment #2
Min le bar hma ma ti par bu.
🙁
Comment #1
အမုန်းလွယ်တဲ့  နင့် အတွက်တော့
ငါဟာ “အပေါ်စားပြတ်လုံး” တစ်ခုပေါ့
လမ်းဘေး သွားရည်စာ တစ်မျိုးပေါ့
၁ ရက်ခံတဲ့ အညတရပန်းတစ်ပွင့်ပေါ့
လွယ်လွယ်လေးပဲလေ…။
ခံစားနှစ်သက်သွားပါတယ်ဗျာ…။ကြိုက်တယ်ဗျ