မန္တလေးအကြောင်း မဟုတ်တရုတ် …
ရတနာပုံခေတ်အပြီးမှာ
ပြာပုံဖြစ်ပြီး ပြန်ထလာတဲ့ ဒီမြို့
အခု …
အညှီအစို့တွေနဲ့ သူ့ဆံပင်တွေတိုတိုလာတယ်။
ဟိုတုန်းကသူ့အသားညိုညို
ဘာ’ရေ’တွေများစိုပါလိမ့်
တစိမ့်စိမ့်နဲ့ တဖြည်းဖြည်းဖြူ
မြို့ထဲလမ်းတွေလည်း
တိတ်ဆိတ်ရာကနေ တဖြည်းဖြည်းဆူခဲ့။
‘မန္တလေးတောင်’ကို
မန္တလေးကတောင် မမြင်ရတော့တဲ့
လည်ပင်းရှည် မိုးပျံတိုက်တွေကြားက
လည်းပင်းရှည် မိုးပျံပူဖောင်းလေးတွေခမျာ
မဟုတ်တရုတ် အရပ်ဒေသမှာ ၀မ်းစာရှာ။
”ယဉ်ကျေးမှုအမွေအနှစ်ကွ…”ဆိုပြီး
ရင်ဘတ်စည်တီးနေရရှာတဲ့ နန်းမြို့ရိုး
သူ့အိမ်ခေါင်မိုးက တီးတိုးစကားသံ
မဟုတ်တရုတ်တွေမို့ နားမလည်ဟန်ပြုသတဲ့။
ဘယ်လမ်းထဲက ဘယ်နေရာသွားသွား
မဟုတ်တရုတ်စကားတွေပဲကြား
မဟုတ်တရုတ် အစားတွေပဲစားနေရလို့
ဈေးချိုကြီးလည်း မဟုတ်တရုတ်အလှတရားနဲ့ လှ လို့…။
နောက်ဆို…
ဘာတန်း ညာတန်း ဆိုပြီး နာမည်တွေတပ်
ရွှေခြေကျင်းလည်းမ၀တ်တတ်
‘ကျနော် ကျနော်’ဆိုတာကိုလည်း ပီအောင်မပြောတတ်
ကိုယ့်ကိုယ်ကို
အိမ်ရှင်လား ဧည့်သည်လားလည်း မခွဲခြားတတ်တဲ့
(အဲ့ဒီလို) ဖြူစပ်စပ် မန္တလေးသူတွေခြေချင်းထပ်တော့မယ့် မြို့။
ဒီမြို့ကြီးပေါ
နန်းတော်ရှေ့ဆရာတင်တို့…
အလင်္ကာကျော်စွာရွှေမန်းတင်မောင်တို့…
မြို့မငြိမ်းတို့…
လူထုဇနီးမောင်နှံတို့…
နေ၀င်းမြင့်တို့…ဆူးငှက်တို့...
သူတို့ ခင်ဗျားတို့ ကျုပ်တို့ရဲ့ ”လူယဉ်ကျေးမြို့ကြီး”လေ
နာရီစဉ်အောက်မှာ မတ်တတ်ရပ်
ကျုံးတော်ရေ မညစ်ပတ်ဖို့
မေတ္တသုတ်တော် ရွတ်ဖတ်နေသတဲ့။
Comment #1
စာလုံးပေါင်း အများတွေပြင်ပြီး ပြန်တင်လိုက်တာပါခင်ဗျာ။