အွန်လိုင်းကင်ဆာ .
”ဟိုင်း…”
”ခင်ချင်လို့ပါ….”
ရုတ်တရက်ကြားရတဲ့
အဲ့သလို နှုတ်ဆက်စကားအလှမှာ
ပြုတ်ထွက်သွားရတဲ့ သံသယ
အခုတော့…
‘c u’ဆိုတာလေးတောင်ပြန်မရတော့ဘူး။
တစ်ယောက်အကြောင်း တစ်ယောက်သိဖို့
အံစာတုံးခေါက်ကြည့်လို့မရတဲ့ အမှန်တရား
အထူးပြုလုပ်ခံစားထားတဲ့
….စကားလုံးအပျံစားတွေနဲ့
တဒင်္ဂသာယာမှုကို အပြန်အလှန်မျှား
ကြာတော့ ….
”သူဘယ်ရောက်နေလဲကွယ်…”ဆိုပြီး
………………………….ဒဏ်ရာတွေများပေါ့။
ယုံကြည်ဖို့မလုံလောက်ဘူး..ဆိုပေမယ့်
‘ယုံပါ’…ဆိုတဲ့ ပစ်ဓား အစူးမှာ
အမြစ်ပွားရင်း ရူးရတဲ့ ရောဂါအသစ်အဆန်း
ရင်ခုန်ဖွယ် စိတ်ကူးယဉ် အချစ် အနမ်းတွေနဲ့
အကိုက်အခဲလေးတွေက ပစ်ဖမ်းတတ်တယ်။
လိုင်းပေါ်ကိုရောက်တာနဲ့
‘ဟိုင်းနော်….’ဆိုတဲ့ ကြိုးလေး လာမချည်ရင်
နာရီခွင်အားလုံး အထီးကျန် အသက်မေ့
အနည်းဆုံး….
အပြီးချန်ခဲ့မယ့် မက်ဆေ့ခ်ျလေးတော့ လွမ်းချင်ရဲ့။
ဒီလိုနဲ့…
ဒီလိုနဲ့….
ဒီလိုနဲ့ပါပဲ….
ကမ္ဘာ့ရွာကြီးရဲ့ သားပျို သမီးပျိုတွေဟာ
ဟောဒီ…..ဓားလို မီးလို ဒဏ်ရာညိုတွေနဲ့
ခဏတာ..သံသရာကို ချိတ်ဆက် ဖြစ်တည်
အမြစ်ပွား အိပ်မက်တွေနဲ့ အပြိုင်အဆိုင်ခေတ်မီနေကြပေါ့။
Comment #1
😛
😛
😛