အမိန့် …
ဒဏ်ရာနဲ့ စက်စက်ယို
ကိုယ့်အသက်ကိုယ်တောင် သူ့ဖို့ရှင်ရသူပါ…
သူ့ကို သတိရတိုင်း
စာကြောင်းတွေပဲ လွှတ်လွှတ်ကျ
သေရင်တောင် မကျွတ်မလွတ်ဘ၀နဲ့
သူ့ဆံပင်ပေါ်မှာ ပန်းပွင့်တွေ ဆွတ်ဆွတ်ချချင်တယ်။
တခါတလေပါပဲ…တဲ့။
ကိုယ့်မှာတော့
လွမ်းရင် မျှော်တတ်တဲ့ အနာတွေနဲ့ အသားကျ
အလိမ်အညာ စကားလှလှကိုတောင် ယုံချင်နေလို့
ဘယ်နတ်ဘုရားမှ တရားချနိုင်မယ်မထင်တော့ဘူး။
သွေးမထွက်ပါဘူး
ဒါပေမယ့်
သံယောဇဉ်က ဆေးတစ်စက်လို ပေကျန်ကာ စွဲ
(ကောင်မလေးရေ…ငါ့ကို မုန်းမလို့လား)
အဲ့ဒါ ငါ့အတွက် သေဒဏ်ပါပဲ။
Comment #2
အမလေး…လေး
ရေးချက်တွေကပြင်းလှချည်လားဗျ ~~
With respect,
RAY
By: X - ray at Dec 26, 2012
Comment #3
:'(
:'(
:'(
By: ei lay at Dec 26, 2012
Comment #4
ကဗျာကအရမ်းကောင်ပါတယ်။
ခေါင်းစဉ်နဲ့တော့မလိုက်ဖက်ဘူးထင်တယ်။
By: miss tower at Dec 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အိုးးးးးးးးးးးးတကယ် ကြိုက်သွားတယ်ဗျာ
ကွက်တိ…အမှန်ခိုက်သွားပါတယ်။