ယစ်ပုလင်ထက်က အချစ်ဘုရင်မလေး-ကဗျာချစ်သူ(ဘုတလင်)
*ပျော်ပျော်ပါးပါး ပေါင်းဖော်များနှင့်
အပျင်းလဲပြေ စိတ်ပြေလက်ပျောက်
လူသူမနီး တောကြီးထဲသို့
ခရီးဆက်ခဲ့ကြလေသည်။
*အဖော်မပါတစ်ကိုယ်တည်း လမ်းလွဲထွက်ကာ
တောနက်အတွင်း ချင်းနင်းဝင်ရောက်
ဘယ်ဝယ်ဆီရောက် ဘယ်ပျောက်သည်မသိ
မျက်စိလည်ကာ လမ်းမှားခဲ့လေတော့သည်။
*တောတွင်းကျက်စား လူရိုင်းများက
နှောင်းကြိုးဖြင့်တဲ ဆွဲငင်ခေါ်ယူ
အချစ်မသိအချစ်မရှိတဲ့ တိုင်းပြည်ဆီသို့
ခေါ်ဆောင်သွားလေတော့သတည်း။
*နှလုံးသားရှိ အချစ်သိလူသား
ယစ်ပုလင်မှာ ပူဇော်ကြမည်
အချစ်မရှိ အချစ်မသိကြလေတော့
အချစ်ရှိသူတွေကိုမုန်းသတဲ့။
*အချိန်ကျလာတော့ အလှသခင်ဘုရင်မလေး
တိုင်းပြည်ရဲ့သခင် အရှင်မက
ရင်ကိုခွဲကာ အသဲကိုထုတ်ယူပြီး
နှလုံးသားအားပူဇော်မတဲ့လေ။
*ဓါးကိုကိုင်ဆွဲ ရင်ခွဲမည်ပြုစဉ်
သူမရင်မှာ ဝေခွဲမရအောင်ဖြစ်မိ
ချစ်စိတ်ခိုဝင် အချစ်ပေါ်လာသည်ထင်
မချင့်မရဲငိုပွဲဝင်လေသည်။
*မြင်သူအများ ငေးမောနေခိုက်
နှောင်ကြိုးကိုရှင်း ထိုးဖောက်ခွင်းလျှက်
ကျွန်ုပ်အားဆွဲ တောနက်ထဲသို့
ပြေးဝင်လေတော့သတည်း။
*ဒေါသစွမ်းအား လွန်ကြီးမားတဲ့
အမြောက်အများ လူရိုင်းများကား
ခြေရာကောက်ကာ လိုက်လေသောကြောင့်
ဖမ်းမိလေတော့သည်။
*အချစ်သိသွား ဘုရင်မအား
ထုံးတမ်းစဉ်လာ မပျက်စေရအောင်
ရင်ကိုခွဲကာ အသဲကိုထုတ်ယူရန်
ယစ်ပုလင်ထက်တွင် တင်ကြလေပြီ။
*ချစ်စိတ်ခိုဝင် ချစ်လိုချင်တဲ့
အချစ်သခင် ဘုရင်မလေး
ရီဝေမျက်လုံး အပြုံးမျက်နှာဖြင့်ပင်
သေပွဲဝင်လေသည်။
*လူရိုင်းအများ ကျွန်ုပ်အားလည်း
ဓားကိုကိုင်စွဲ ရင်ခွဲမည်ပြုစဉ်
ဆောင်းတွင်းအိမ်မက်ကယောက်ကယက်မှ
နိုးထလေတော့သတည်း။
ကဗျာချစ်သူ
Comment #2
အိမ်မက်မို့လို့ပေါ့…
အမလေး..အိမ်မက်ထဲယစ်ပုလင်ပေါ်တင်တော့..ပုဆိုးမှပါရဲ့လားမသိဘူး..
Comment #3
Ta narr par de.
:'(
:'(
Comment #4
ဘယ်သူ့ကို သနားတာလဲ..ဘုရင်မလေးကိုလား..ကျွန်တော့်ကိုလား။ရွှတ်! ရွှတ်!
Comment #5
Nout pyan p.
be Thu hma ma ta narr par bu.
Ei bar tar wann ne p NGO nay Dar.
Comment #6
မနိုနဲ့နော်..နာလည်း..နိုချင်လို့…
Comment #7
NGO hmar be.
Myat yae ka Thu bar tar Thu auto kya nay Dar g koe.
:'(
:'(
:'(
:'(
:'(
Comment #8
Hote pa..
Myat yae ka da ke automatically kya Dar.
Hint.
Hint…
:'(
🙁
:'(
Comment #9
Ko kyaw naing Linn ka NGO aung loak nay par de.
Ei lo myo NGO de Thu tway a myar g par lar?
😛
Comment #10
😛
Comment #11
ွှTha Nar Lite htar.NGO Ya Tal…
Comment #12
အားလုံးပဲကျေးဇူးပါ……………………………..
Comment #13
Ya bu..
NGO htar de Thu tway arr lone ko ta chin so p ka pya ya me.
😛
Comment #14
မဟာဗောဓိပင်နှင့် တစ်လံအကွာမှာ…
Comment #1
…သြော်….တော်သေးတယ်..အိမ်မက်ဖြစ်နေတာကိုးးးးးးးးးးးးးးး
ပုံစံလေးက အဆန်းသားဗျ။goodတယ်