Professional Authors

လူမိုက်

ပန်ချင်နေမှန်း သိလျက်
ဆူးပန်းခက်မို့ ပန်မပေးမိသူ
အဲ့ဒီလူ လူမိုက်လား…

ရေဆာနေမှန်း သိလျက်
အဆိပ်ခွက်မို့ မတိုက်မိသူ
အဲ့ဒီလူ လူမိုက်လား…

လာချင်နေမှန်း သိလျက်
တောတောနက်နက်မို့ မခေါ်မိသူ
အဲ့ဒီလူ လူမိုက်လား…

မျှော်လင့်နေမှန်း သိလျက်
ခဏအတွက်မို့ မပြောမိသူ
အဲ့ဒီလူ လူမိုက်လား…

နာကျင်မယ်မှန်းသိလျက်
သူပျော်ဖို့အတွက် ဟန်ဆောင်မိသူ
အဲ့ဒီလူ လူမိုက်လား…

တွယ်ငြိမယ်မှန်း သိလျက်
ဖေးကူဖို့အတွက် ရုန်းမထွက်မိသူ
အဲ့ဒီလူ လူမိုက်လား…

ဒါဆိုရင်တော့
ဘယ်ဘုရားက ဘယ်လိုရိုက်ရိုက်
တစ်သက်လုံး လူမိုက်ပဲ လုပ်တော့မယ်။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

A hak..
a hak..
😛

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment