ကောင်းကြောင်းပြောလို့ ညီကြမယ်…………..
ကောင်းကြောင်းပြောလို့ ညီကြမယ်
မိတ်ဟောင်းရယ် ဆွေသစ်
လှမ်းစလှစ်လို့
ဖော်ကင်းဆွေကောင်း
နှစ်သစ်ဆုတောင်းကောင်းဖို့ရယ်
ကြယ်တွေရယ် စုံရဲ့လား
ကောင်းကင်ရဲ့အမေး
ပြောင်းပြန်ကာမတွေးပဲ
နှစ်ဟောင်းက အညစ်
နှစ်ဟောင်းမှာ နှစ်ခဲ့လေ
နှစ်သစ်မှာ မိတ်အပေါင်း
စိတ်အကောင်းနဲ့ ရှာဖွေရင်း
ကောင်းတာများများတွေး
ကောင်းတာများများလုပ်ရင်း
၂၀၁၂ ဆိုတဲ့ တံခါးပေါက်
ငါတို့ ကျောခိုင်းကြပါစို့
နိုင်ငံကလည်းအသစ်
မူကလည်းအသစ်မို့
တိုင်းရင်းဆွေပေါင်း
နှစ်ဟောင်းလိုမကျင့်
နှစ်သစ်မှာ အကျင့်ကောင်းတွေနဲ့
ဝေဖြာပွင့်လန်း
တို့ပြည်သူ တွေ ရွှင်လန်းစေဖို့
မျှော်ရေးတူ ဖော်ဖေးကူလို့
ကောင်းဖို့ သာကြံ ကောင်းရမယ့်ဟန်နဲ့
ကဲ ရောင်းရင်းတို့ရေ မောင်းလေးနဲ့ သာ နှံပါလော့……………………….။
Comment #2
Excellent

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Good