ဝ လုံးကလေး ဝိုင်းအောင်ရေး
မှတ်တိုင်အောက်က ကျွန်တော့ညတွေ
အရိုးပေါ်အရေတင်ပဲ ကျန်တော့တယ်
ဘယ်သူပြောနိုင်မလဲ…..
ဒါစိတ္တဇဆန်တယ်လို့ 
ကကွက်တိုင်းကလဲ လျှင်မြန်ဖို့ မလိုပါဘူး
သူ့ စီး သူ့ ဝါးနဲ့ တော့ သဟဇာတ ဖြစ်ချင်ဖြစ်မယ်
မြားတစ်စင်း ခုန်ထွက်ဖို့ တော့
သားရေကြိုးကောင်းကောင်းလိုအပ်တယ်
မုသားကိုအရေခြုံ..ပြီးတော့လုံခြုံတယ်လို့ 
လူသားဆန်ဆန် တွေးကြည့်တယ်
ရလာဒ်ကတော့ လက်ခုတ်သံလို့ ထင်ရတာပဲ
သုညဖြစ်ရင်တော့ သူများနောက်နေပြီး
တန်ဖိုးမရှိချင်ဘူး….
ဝ လုံးလေးလုပ်ပြီးပဲ ..
ဝ ရှိမှ ဝိ ဖြစ်တယ်ဆိုပြီး ငါမာန်တက်လိုက်မယ်
ကဲပြီးတော့………….
ခင်ဗျားတို့ ပြောပြောနေတဲ့ “ဘဝ”ဆိုတာကကော
ဝ မပါလို့ မရဘူးဗျ…
ဒါတောင် တချို့ က န သတ်ကလေးတပ်ပြီး
ဝန်ပိတယ်ဆိုပြီးလုပ်ချင်ကြသေးတာ
ကျုပ်ကတော့ “ဝါး”ကနဲ သန်းပြီး
မှောက်အိပ်လိုက်တယ်…………..
အမြှီးမှန်း ခေါင်းမှန်း ဘယ်သူသိတာမှတ်လို့ …။
Comment #2
ကြိုက်တယ်ရှင့် ကော်ပီကူးသွားပြီနော်
By: မေပျို at Dec 29, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Nice creation