မောင့်ရဲ့အမှား..-ကဗျာချစ်သူ(ဘုတလင်)
*မောင်ပြန်လာခဲ့မယ်လို့
အမှာတော်အကြိမ်ကြိမ်ပါးခဲ့ပေမယ့်
နှစ်နဲ့ချီကြာ မောင်မလာဖြစ်သေး။
*အိမ်ထောင်တစ်ခုစပြုတည်ထောင်
လူပုံလည် မာန်ဝံ့ရအောင်
ကြိုးစားလို့မောင်ရှာ အချိန်တွေကြာညောင်း။
*နှစ်ဆန်းခါသည်တန်ခူးမှာလ
လူကြုံလာအမှာစာပါးလိုက်တာက
ချစ်သူရဲ့မင်္ဂလာ မောင်မဖြေသာဘူး။
*အသက်မကချစ်သူမို့
ရူးမတတ်ဖြစ်ရတာ
အပြစ်ဆိုရက်ပါဘူး။
*ချစ်သူထံ အပြေးမြန်စွာ
မလှမ်းလာနိုင်ခဲ့တာ
မောင့်ရဲ့အမှား။
Comment #3
မောင်က ပစ်ထားမိခဲ့တာကိုးရှင့်
By: မေပျို at Dec 29, 2012
Comment #4
ပြစ်တာဟုတ်ပါဘူး…ကောင်းစေချင်လို့ပါ..ဟင့်..ဟင့်..
By: kyawnainglin174 at Dec 29, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛
Mg ka le myan myan min ga lar saung twar par say loh Su taung nay tar ne a daw be lae.
Kyay zu tway tin like Dar.
A hak..
A Hak..