မ မလာတဲ့နေ့
တစ်ကောင်တည်း ပွင့်နေရတဲ့ ကြယ် …
ကောင်းကင်ကြီးအနှံ့လွင့်မျောသွားဖို့ …
စိတ်ဓာတ်တွေရဲ့ လက်ပန်းကျမှုတွေ
ဟုန်းဟုန်းတောက်ထလောင်လို့ပေါ့ကွယ် …
ဒီမြစ်ကို တစ်ကောင်တည်းမျောခဲ့ရပါတယ် မ ရယ် …
သို့သော် လမ်းဆုံးပေမဲ့ ရွာကို မတွေ့ခဲ့ဘူး …
မ ရယ် …
မ ရယ် …
မ ရယ် ….
ပိုက်ထွေးလာတဲ့ မျှော်လင့်ခြင်းအရိုးပြိုင်းပြိုင်းတွေကို …
ချိုးဖျက်ရိုက်ချိုးဖို့ မ မရှိခဲ့တဲ့ ကွက်လပ်တွေက …
ပက်ပက်စက်စက်ရိုင်းစိုင်းခဲ့တယ် မ ရယ် …
အဲဒီမှာ ရင်ထဲ ကွက်လက်ပန်းတွေ ကခုန်ပျော်မြူးခဲ့တယ် …
မ ရယ် …
မ မလာတဲ့ အဲဒီနေ့လယ် …
မ မလာတဲ့ အဲဒီမနက် …
မ မလာတဲ့ အဲဒီညနေ …
နေမဝင်ခင်ကတည်းက အာရုံထဲမှာ
လမိုက်ညတွေ သီကုံးခဲ့ရတယ် …
တစ်ကောင်တည်း ဆက်ရတဲ့ ခရီးသည် …
မ နဲ့ မတွေ့ရတော့လည်း …
ပြန်ဆုံချိန်ထိတော့
တစ်ယောက်တည်းပဲပေါ့ကွယ် …
ကျွန်တော်ဟာ တစ်ယောက်တည်းပါပဲ …
မ အပြုံးတွေနဲ့ ရှင်သန်နိုးကြားပြီး
ကဗျာလေးတွေကို အသက်သွင်းဖို့ မွေးဖွားလာတဲ့ကောင်ပါ …
မ ရဲ့ အပြုံးတွေဟာ ဒီကဗျာလေးတွေရဲ့ ပုံရိပ်ဆိုရင် …
ကျွန်တော် ငတ်မွတ်ခဲ့တဲ့ အေးမုတ်သုန်…
နွေရုံကြီးထဲမှာ ကပြသူမရှိ၊
လက်ခုပ်တီးသူ မရှိ …
အပြုံးလေးတွေကိုသာ အေးမုတ်သုန်တစ်ခုလို
ငတ်မွတ်ဆာလောင်ရင်း …
ကဗျာလေးတွေ အသည်းကွဲနေပြီ …
မတွေ့ရတာလည်း အတော်ကြာနေပြီ …
မွေးကတည်းက အခုချိန်ထိ …
တစ်ယောက်တည်းဟာ တစ်ယောက်တည်းပါပဲ မ ရယ် …
Comment #2
မောင်
အနားမှာရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ
မိး
မောင့်က်ူချစိနေမှာပါနော်
Comment #3
heart hti twar p,
Comment #4
😉
😉
😉
Comment #1
မိုက်တယ်