ရည်းစားစကား…-ကဗျာချစ်သူ(ဘုတလင်)
*ပန်းကလေးတွေ ရနံ့သင်းတော့
ပန်တိုင်းမွေးကြတယ်…
*စမ်းကလေးတွေ ကြည်လင်အေးတော့
မြင်တိုင်းအေးမြတယ်…
*အရွယ်လေးငယ် လှသွေးကြွယ်တော့
လူတိုင်းငေးကြတယ်…
*မန်ကြီးပင်ခွကြားကောက်ရိုးထား
ငါ့နွားဘယ်သို့စားပါ့မယ်…
*ချစ်တဲ့ရည်းစားနောက်ကထား
စကားဘယ်သို့ပြောရမယ်..
*ရနံ့ကြွယ်ပန်း ကြည်လင်စမ်းလို
နှမငယ်သွေး အလှလေးမို့
မောင်ကြီးချစ်မိတယ်။
ကဗျာချစ်သူ
[email protected]
Comment #3
😀
😀
By: ei lay at Jan 1, 2013
Comment #6
ချစ်တဲ့စကားရှေ့ကထား အပေါစားကြီး ထင်လိမ့်မယ်.. :'(
By: အသဲကွဲမိုး at May 16, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မလှရင် မချစ်ဖူးပေါ့နော်
နောက်တာပါ
ကဗျာလေးက ချစ်ဖို့တော်တော်ကောင်းပါတယ်ရှင့်