ဒဿ မဖြစ်စေနဲ့-ကဗျာချစ်သူ(ဘုတလင်)
တောက်…………
မိုက်ရိုင်းလိုက်တာ
ဒီအချစ်ပွဲဆင်နွဲခဲ့တာ
မင်းကဒဿဖြစ်ရတယ်လို့…….
တကယ်ဆို
မင်းကရာမ ဟိုကောင်ကဒဿဖြစ်ပြီး
သီတာကိုအရယူ
ငါကတော့အဖြည့်ခံလက္ခဏပဲပေါ့..
အခုတော့
သူကအနိုင် မင်းကအရှုံးနဲ့
သီတာကိုဆုံးပြီပေါ့…
တစ်ကနေပြန်ဖော်
စိန်ခေါ်လို့ကြိုးစား
နောက်တစ်ကြိမ်
အချစ်တလင်းမှာစစ်ခင်းခဲ့ရင်
မင်း…ဒဿ မဖြစ်စေနဲ့။
ကဗျာချစ်သူ
kyawnainglin174@gmail.com
Comment #2
good…good..
ကောင်းတယ်ဗျ

Comment #3
မအိလေးနှင့် poem.poem28 ကျေးဇူးပဲဗျာ..
မအိလေးရေးထားတာ ဂျပန်စကားထင်တယ်..
ီDoko kha – ဘယ်ကိုလဲ
ီDora kha -ဘယ်သူလဲ တဲ့..
နောက်တစ်လုံးက Satpan shidi ei desu ဘာလဲတော့မသိဘူး

Comment #4
မင်း…ဒဿမဖြစ်စေနဲ့…
သုည ဆိုရင်ရော???

Comment #5
သုညဆိုတာ…သုခညချမ်းတဲ့..ကောင်းတာပေါ့..

Comment #6
အမလေးလေး
ကဗျာရေးတဲ့သူ စိတ်နည်းနည်းလျှော့ဗျ ခင်ဗျားကြည့်ရတာ လူသတ်ချင်နေသလိုဘဲ ( just kidding)
NICE WRITING ~ ~
With respect,
RAY

Comment #7
ဟဲ..ဟဲ..mood များသွားတယ်..ဇာတ်ဝင်ခန်းထဲကစကားလုံးလေး..သုံးကြည့်တာပါ…

Comment #10
bar tar sone tat de loh kwyar twar dar pop lae,,
ei ka dot ko kyaw naing linn lo ma tat par bu,,
ma tat de thu ko pyaw dot ,,,,,,,
he,he,,,

Comment #12
ဒသ မဟုတ်ပါဖူးရှင့်
ဟိ တကယ်ကောင်းတယ်
အရမ်းကြိုက်တယ်

Comment #14
ဟုတ်ပါတယ်
မေပျိုပါရှင့်
ဒသမဟုတ်ပါဘူးနော်
ကျေးဇူးတင်စရာလိုပါဖူး
ကဗျာလေးကို သဘောကျလို့ပါ တကယ်ပြောတာ

Comment #17
pyay say da deeee

Comment #19
R..
Hote par bu.,
E de ko kyaw naing Linn g ka pout ka ya tway be pyaw nay Dar be.
Myanmar lo ma yae dat loh har ko be,,
A pi hnate kut nay tar be naw.
Ngo chin lar p.

Comment #20
အချစ်အကြောင်းတော့မပြောစမ်းပါနဲ့ ကိုကျော်နိုင်လင်းရေ
အချစ်ကံခေသူမို့ အချစ်ဆိုတဲ့စကားလုံးကြားရင် ရင်နာတယ်ဗျ ~~
With respect,
RAY

Comment #21
အချစ်ကံခေရင်ယတြာပေးမယ်လေ…
မွေးနံအရပ်မှာ သက်ရှိဆင်သက်စေ့လှူ၊ ကောင်းမှူတော်ဘုရား ရွှေအစစ် အပြည့်ချ၊
နောက်ပြီး စနေနံညံ့တော့ စနေနံ မြွေပွေး အရှင်ကို ခါးတက်နင်း နောက်ပြီးရွှေတိဂုံဘုရားစောင်းတန်းကနေ
မနားတမ်း အဆင်းအတက် သက်စေ့တက်၊ နောက်ပြီး ခုနှစ်ရက်ပဌာန်းဒေသနာတော်ကြီးတစ်ခေါက် ပုတီးတစ်လုံးချ သက်စေ့အပတ်ရေပြည့်အောင်စိပ်၊ နောက်ပြီး လူစည်ကားတဲ့ ဈေးနားက ဓာတ်တိုင်ကြီးကို
နင့်ကိုငါချစ်တယ်၊နင့်ကိုငါချစ်တယ်ဆိုပြီး မနက်တိုင်းသွားပြော..ဟဲ..ဟဲ..
ဗေဒင်ဆရာမောင်ရူပါ ဆိုတာ ကျွန်တော်ပဲ… မမှန်ရင်..နောက်မမေးနဲ့..ရှေ့ပဲဆက်မေး…

Comment #22
He..he.
Rofl
really can’t stop laughing.
million thz,,ko kyaw naing Linn

Comment #23
ဟဲ..ဟဲ..ဒီလိုဘဲဖြစ်ရမယ်လေ..ဗေဒင်ဆရာမမှန်တာမဟောပါဘူးဆိုနေ..မဟုတ်တာဘဲဟောတာ…
ဆရာပညာမသေးစေရဘူး..အခုနာမည်ကြီးနေတဲ့..စံဇာဏီဘိုဆိုတာ..ဘယ်သူ့ဆီက
ပညာယူတယ်ထင်သလဲ..ကျွန်တော့်ဆီ..အဟမ်း..အဟမ်း…အရေးထဲမှာချွဲကပ်နေသေးတယ်…ချွဲကလူစီစီရှိရင်ဒီလိုပဲ…ကဲဆက်ပြောမယ်…ကျွန်တော့်ဆီ..ဆံပင်လာညှပ်တဲ့..သူ့ဆရာဆီမှာ..ပညာယူတာ…

Comment #24
ကဲဆက်ပြောမယ်…ကျွန်တော်ဆီဆံပင်လာညှပ်တဲ့ သူ့ဆရာဆီမှာ…

Comment #25

Comment #26
Feel again .
Smiling with joys

Comment #1
Doke kha

Doke kha