ကဗျာ မဆန်တဲ့ ကာရန်မဲ့ တောင်ပံ
မိုးမရွာဘဲ
မျက်ဝန်းတခုလုံး စိုစိုရွဲ
နေမပူဘဲ
ရင်ခွင်တစ်ခုလုံး ကျွမ်းလောင်
ဖိမကိုက်ဘဲ
နှုတ်ခမ်းတစ်စုံ သွေးစို့
အရာရာဟာ
ကာရံမဲ့စွာ
ယိမ်းနွဲ့ လှုပ်ရှားရင်း..
နောက်ဆုံး
ဒါဟာပြိုင်ပွဲတစ်ပွဲဆိုရင်
မစခင်တည်းက
ရှုံးခဲ့ရလို့
အားမာန်တွေ..စုတ်ပြတ်သတ်
ရလာဒ်တွေ အနုတ်ထွက်နေတာတောင်
တစ်ခုတည်းသော လက်ကျန်
မျှော်လင့်ခြင်း တောင်ပံခပ်ပါးပါး
ကဗျာမဆန်
ကာရံမဲ့စွာ
ဖလက် ဖလက် ရိုက်ခတ်ရင်း…
နှလုံးသားတစ်စုံ
လိပ်ပြာလွင့်လို့ကောင်းနေတုန်း
noble
Comment #2
Hna lone tarr hnit khan sarr arr pay twar par de.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Good