Professional Authors

ခေါက်ရိုးကျိုးနေတဲ့ မျက်ဝန်းရဲ့အစွန်း

  • ခေါက်ရိုးကျိုးနေတဲ့ မျက်ဝန်းရဲ့အစွန်း

 

ဝုန်း

ရာဇ၀င်ကြွေးဆပ်ဖို့

ကမ္ဘာကိုအလည်တစ်ခေါက်

ရောက်ခဲ့ပြီ…။..။

 

/\/\/\/\/\/\/\/\/\/\/?

 

ကွက်တိကွက်ကြား

ဟိုတစ်ကွက်ဒီတစ်ကွက်

စိမ်းလန်းမှု၊သာယာမှုတွေ

စီးကြိုလျှက်…။..။

 

စိတ်အတု ၊ ကိုယ်ခန္ဓာအတု

အမြင်တု အသွင်ပြုလို့

ဟားစရာ ဂွင်တွေ

လျှောက်လမ်းတွေ အဆုံးထိ

ပြုံးပျော် ပြေးလွှားလို့

အယောင်ဆောင်ခြင်းတွေ

“က”ခုန်ပျော်ပါးလို့…။..။

 

ထဲထဲဝင့်ဝင့်နိုက်မြည်းကြည့်တော့

အခြေ၊အနေ

လမ်းတွေ က ဆိုးတယ်

ရာသီ ၊ ဥတု ကိုက်ညီမှုမရှိဘူး

ကံကြမ္မာက မိတ်ဆွေလိုလို ၊ ရန်သူလိုလိုနဲ့

အနားက မခွာဘူး…။..။    

 

ကိုယ်အား ၊ ကိုယ်ကိုး ၊

ကိုယ်မြတ်နိုးတဲ့ ကိုယ့်ဝါသနာ

ကိုယ်စိတ်ကူးနဲ့ ကိုယ်ပိုင်တဲ့အရာ

ဒီတစ်ဘ၀ ကိုယ်လုပ်ချင်တာ

တစ်ဝကြီး လုပ်ရင်း

နှိုးစက်တွေကို ဥပါက္ခာပြုရင်း

ဘယ်ဆီမှာလဲ ရောင်နီ

နေ၀င်ချိန်တွေတော့ ခဏခဏ…။..။

 

ခေတ် ၊ ခေတ် ၊ ခေတ်…

ခက်ခက် ၊ ခဲခဲ ၊ နာမည်ထွင်းကြရင်း

သမိုင်းဝင်သွားတဲ့ ရာစုအဟောင်းထဲက

အလောင်းကောင်တွေ ဒုနဲ့ဒေး…။..။

 

သွေးမြေကြ တိုက်ပွဲတွေက

မသတီစရာ ကောင်းလောက်အောင်

စာတွေထဲမှာ ၀င့်ကြွားနေတယ်

ဒါက..ဂုဏ်ယူစရာလား…။..။

 

ရောင်နီချိန်တွေရှိသလို

နေ၀င်ချိန်တွေလဲရှိတယ်

ခန်းနားမှုအလှတွေ ကွာရင်း

သတ်မှတ်ချက်တွေ ခြားသွားတယ်…။..။

 

အင်းအားကြီးသူတွေရဲ့

စာနာမှု အသေးအမွှားတွေနဲ့

များပြားပြည့်လျှံနေတဲ့

အားငယ်မှုတွေရဲ့ အချိုးမညီမှု…။..။    

 

ဝါဒ ၊ ၀ါဒီ ၊ သာသာ ၊ လူမျိုး

အစိတ်စိတ်အမွှာမွှာကြား

ထိတ်ထိတ်ဖြာဖြာနဲ့

ကံကြမ္မာအချို့လည်း အိပ်စက်လို့…။..။

 

မှန်ကန်တယ်

ခြေမကွဲတယ်

သွေးထွက်တယ်

ဆေးထည့်တယ်

အနာကျက်တယ်

အမာရွတ်ကျန်တယ်

 

ရသတွေနဲ့ ဘယ်လောက်ထိန်းထိန်း

ရင်ဘက်က အသုံးမ၀င်တဲ့ကျောက်ရိုင်းကြီး

အရိုးစွဲနေတဲ့ ခေါင်းမာမှုကို

ဘယ်လို ရိုက်ချိုးနိုင်မလဲ…။..။

 

သီအိုရီတွေ ၊ ဖော်မြူလာတွေ

ဗေဒင်ကိန်းတွေပါ ထပ်ပေါင်းလို့

ရှုပ်ယှက်ခက်လောက်အောင်

ရှေ့ရေးတွေကြိုတွက်တယ်

သေချာမှုက…ဒီကမ္ဘာက ပျက်မှာ…။..။

 

မပိုင်ဆိုင်ရမှာ သိသိကြီးနဲ့

ပလိုင်းပေါက်နဲ့ လိုချင်တာတွေကောက်ထည့်

ကမ္ဘာမျက်မှောင်ကျုံ့ခြင်းကို အမှတ်မဲ့ရင်း…။..။  

 

နောက်ဆုံး ဖြစ်တည်မှုက

ကမ္ဘာကိုမှီခိုနေတဲ့ ကပ်ပါးကောင်

အသုံးမကျမှုကို ဆွဲကိုင်

လက်လွယ်လွယ်ရတဲ့ အနီးအနားက

အဟာရဆိုတာကို ဖက်တွယ်

အရသာခံအာရုံချို့တဲ့မှု ပြယုဒ်က

အရာအားလုံးနဲ့ စိတ်ပျက်မှုတွဲထုတ်ခြင်း…။..။

 

အလာလည်း တစ်ယောက်

အပြန်လည်း တစ်ကိုယ်တော်

ခတ္တနားတဲ့ ဒီနေရာလဲ

အသားမကျ ၊ အံမ၀င်

အကျိုးမဲ့ ၊ အကျိုးရှိ

ဘာတစ်ခုမှ အထိမကိုင်ခဲ့

ဒီခန္ဓာနဲ့စိတ် အသုံးမ၀င်မှုကို

ချလို့ခင်းတဲ့ ဘ၀…။..။

 

မှတ်တိုင်တွေ စီတန်း

လွတ်မြောက်သူတွေရဲ့ “လမ်း”

ခံစားမှုစိတ်သဏ္ဍန်က

ပျော်ရွှင်မှု ၊ ငြိမ်းချမ်းမှုဟုတ်ရဲ့လား

သုညနဲ့စ ၊ Zero နဲ့ဆုံး

ဒဏ်ရာ ဘယ်မှာလဲ

အကုသိုလ် မမြင်ရလို့

နောင်ဘ၀မှာ ကောင်းခြင်းလဲ

နတ္ထိဆိုတာကြိုလင့်နေဦးတော့မည်…။..။

 

“ကျောက်ခေတ်ကိုတစ်ခေါက်ရောက်ဖို့

အကုသိုလ်ကင်းကင်းနေကြပါစို့”

 

လူသစ်

In: ကဗျာ Posted By: Date: Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment