သို့?
၂၁ ရာစုနေရောင်အောက်
လမ်းလျှောက်ထွက်လာတဲ့ သနပ်ခါးတစ်ပွင့်ပါ။
အရှက်တရားမဲ့ အတုခိုးသမတွေကြားမှာ
ရိုးသားသန့်စင်သူဖိနပ်ပါးပါးလေး
အနက်ရောင် ဆံကေသာ တပိုက်တထွေးနဲ့
ခေတ်ပေါ်ကဗျာတွေတွေးတတ်သူ…
ရိုးရာကို ရိုးရာအတိုင်းသိုင်းလွယ်
ရေစီးအတိုင်း
.ပြုတတ် ပြင်တတ်တဲ့ ကမ္ဘာ့ရွာသူ အရိုင်းစံပယ်ရေ…
မင်းဟာ…
အတိတ်နဲ့ အနာဂတ်ကို စိတ်ထဲမှာမှတ်
ပစ္စုပ္ပန်ရဲ့ မျက်တောင်အခတ်မှာ
(မင်းရဲ့မွေးရပ်ကို)
ရင်ဖုံးနဲ့ ချိတ်ထမီ အနားသတ်လို့
သဇင်ပန်းတွေကို ကမ္ဘာပတ်စေခဲ့ပေါ့။
Comment #3
@_@
@_@
@_@
By: ei lay at Jan 6, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တင်းပြီးသားပို့စ်ကို မှားတင်မိတာပါဗျာ။တောင်းပန်ပါတယ်။