နွေသစ်ရွက်ပေါ်က မှတ်တမ်းများ
အချစ်ကလေးရယ်
ယုဒသန် မျှော်စင်ကြီး
တဟီးဟီးမြည်
အင်္ဂါဂြိုလ်ဆီ ထိုးတက်သွားတဲ့နေ့ကျမှ
မောင့်ကို မုန်းမယ်ဆို။
ဖြောင့်နေတဲ့ အဓိပတိလမ်းမကြီး
‘ဂငယ်’လို ကွေ့သွားတဲ့ နေ့ကျမှ
မောင့်ကို မုန်းမယ်ဆို။
သစ်ပုပ်ပင်ကြီး နှစ်ခြမ်းကြွ
အထဲက အူအသည်းတွေ
ထွက်လာတဲ့နေ့ကျမှ
မောင့်ကို မုန်းမယ်ဆို။
ဘွဲ့နှင်းသဘင်ရှေ့က ခြင်္သေ့ကြီး
မာန်ဖီဟိန်းဟောက်
ခုန်ပေါက်တဲ့တဲ့နေ့ကျမှ
မောင့်ကို မုန်းမယ်ဆို။
ခုများတော့ဖြင့်
လေတိုက်လို့
စွယ်တော်ရွက်ကလေး လှုပ်သွားတဲ့နေ့မှာပဲ
မောင့်ကို မုန်းရက်တယ်။ ။
Comment #2
ပိုင်ဆိုင်ခွင် မရှိရင်တောင်မှ စုံစေခွင်လေးတော့ပေးပါ ပြောခွင်မရှိပေမဲ့ ကြည့်ခွင်လေးတော့ပေးပါ စဉ်းစားခွင်မရှိတောင် မှ အိမ်မက် မက်ခွင်လေးတော့ပေးပါ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Mike de kwar,,
Tin sarr hmu tway ka lann htwke nay Dar be.