အကြွေး ၂
လူ ဆိုတဲ့ အနက်အဓိပါယ်ထက်
တန်းကျလာတဲ့ ပြတင်းတံခါးအရှေ့ဘက်မှာ
မတည်သော ကတိများ ပြန့်ကား
ခင်ဗျားတို့ဟာ အစာအတွက် မျှားချိတ်ကိုချပေးဖို့ ထထပွက်ပြနေတဲ့ ငါးပဲ
စိတ်တွေ ညီမျှခြင်းချမရခဲ့
ယုံကြည်မှုနဲ့ ချိတ်ဆက်လို့မရတဲ့ ခေါက်ရိုးကျိုး အစာအိမ်များက
ကျုပ်ကို စုန်းပြူးတစ်ကောင်လို့ မြည်တယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
စုတ်ချက်ကြမ်းနဲ့ အတတ်ဆန်း
ငိုနေတဲ့ မိုးတိမ် ရေ
နွေးထွေးခြင်း တစ်မျိုးနဲ့
မင့် ကို ဆွဲ ထည့် ပွေ့ဖက်ဖို့
ဖြတ် ထုတ်ထားတဲ့ အနာအဆာတွေ တစ်ထပ်ကြီးနဲ့
ငါ ကလည်း တလိမ့်ကောက်ကွေး စားသောက်နေရသူ
ငါတို့ နှစ်ယောက် ပေါင်းခြင်းဟာ
တ ဂျွတ် ဂျွတ် မြည်နေလိမ့်မယ်