Professional Authors

ကျွန်မ လက်ဖ၀ါးတွေထဲမှာ တိမ်သက်တန့်တွေ ဖမ်းဆုပ်ထားတယ် – သွဲ့သွဲ့

 

 

 

တစ်ချိန်က….

ကြီးမား ကျယ်ပြန့်စွာသော ကမ္ဘာကြီးအား

ကျွန်မရဲ့ ပခုံးပေါ်မှာ..ပြီးတော့ နောက်ကျောပေါ်မှာ

နွမ်းလျပင်ပန်းစွာ  သယ်ဆောင်ခဲ့ရ..

တိတ်ဆိတ်လှတဲ့ အခန်းထဲမှာ

ကျွန်မကိုယ်ကျွန်မ

ဘယ်နေရာမှာ လဲလျောင်းနေမှန်း မစူးစမ်းနိုင်ခဲ့.။

 

တစ်ချိန်က…

သွေးကြောထဲအထိ စိမ့်နေတဲ့ ဖျားနာမှုတစ်ခု

ကျွန်မ ကုစားနိုင်မလား ရှာဖွေမိတယ်..

အသက်ဝိညဉ်ထဲက အေးမြလှတဲ့ ရေခဲတောင်တစ်ခုဟာ

တစ်ချိန်ချိန်မှာများ

ကျွန်မနဲ့ဝေးရာဆီ အရည်ပျော်သွားလေ မလား

ကျွန်မ မျှော်လင့်ခဲ့ရ…

ကျွန်မ ကယ်ဆယ်ခြင်းခံရလေမလား….လို့.။

 

တစ်ချိန်က…

တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံ တိုင်းအထိတိုင်

ကိုယ့်ဘ၀နဲ့ကိုယ် ဝေးကွာနေသလို ခံစားချက်မျိုးနဲ့

ကျွန်မ စိုးရိမ်ပူပန်ခဲ့ရ..

ခင်မင် မြတ်နိုးခဲ့ဖူးသူများ ကို တောင်

ကျွန်မကိုရှာမတွေ့အောင်

ပုန်းရှောင်ကွယ်ဝှက်… ခံစားချက်များကို လက်စဖျောက်ခဲ့ရ…

ကျိတ်မှိတ် နာကျင်ခဲ့ရသော အချိန်များ စွာ…။

 

အဲဒီနေ့များမှာ…

တစ်နည်းပြောရရင်

အထီးကျန်ခြင်းဆိုတဲ့ အရာ..

ကျွန်မ ဘ၀ကို လွှမ်းမိုး အနိုင်ရလိုက်တဲ့အခိုက်

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာက ဂီတကို ကျွန်မကြားလိုက်ရတယ်.

အဲဒီ အချစ်ဆိုတဲ့ အရာ….

 ဘာသာတရားတစ်ခုရဲ့ လက်တော်ထဲ..

ကျွန်မ နွေးထွေးစွာ တိမ်းညွှတ်ခဲ့ရပြီ..။

 

သူဟာ…

ကျွန်မအတွက် ဘ၀တစ်ခုဖန်ဆင်းပေးဖို့

အသက်ရှုခဲ့တဲ့ လူသား ယောင်္ကျားလေးတစ်ယောက်..

သူဟာ ကျွန်မရဲ့ နွေးထွေးတဲ့ လေပြည်ညင်းကလေး..

သူဟာ တောက်ပတဲ့နေရောင်ခြည်..

သူ့အလင်းရဲ့ နွေးထွေးမှုအောက်မှာ

ကျွန်မ ဘ၀အသစ်အဖြစ် တစ်ခေတ် ပြန်လည် တောက်ပခဲ့ရ..။

 

အခု…

ကျွန်မ ထမ်းထားရတဲ့

ဝန်ထုပ်ဝန်ပိုးဆန်ဆန် ကမ္ဘာဟောင်းကြီးကို

အကြွေစေ့တစ်စေ့ကို ဆော့ကစားပုံမျိုးနဲ့

လေထဲ ကို လွှင့်ပစ်ခဲ့ပြီ..။

ကျွန်မလက်တွေ လေကမ္ဘာထဲ ၀ဲပျံဆော့ကစား..

ကျွန်မရဲ့ ကမ္ဘာသစ်ကို

ကျွန်မကိုယ်တိုင် ပြန်ဖြစ်တည်စေခဲ့ပြီ…။

 

အဲဒီ ကမ္ဘာဟောင်းမှာ

ကျွန်မ သစ်ပင်တစ်ပင်လို တစ်ဖြည်းဖြည်း မြင့်ခဲ့..

အမြင့်ဆုံးရောက်လုချိန်

ခုတ်သင်လှဲချခံခဲ့ရ….။

အဲဒီဘ၀ဟောင်းကို ထာဝရ ထားခဲ့ချင်ပြီ..

ဟင့်အင်း  ထားခဲ့ပါပြီ..။

 

ဟောဒါ ကျွန်မရဲ့ ကမ္ဘာသစ်

အချစ်ဆိုတဲ့ နူးညံ့တဲ့ လေပြည်ညင်းရဲ့ နယ်မြေမှာ

ဖ၀ါးတစ်ဖက်ကို မြေမှာသက်စေလျက်..

အတိတ်က ခက်ခဲစွာ ရပ်တည်ခဲ့ရတဲ့ သစ်ပင်ဟာ

အခုတော့ ရွက်သစ်များနဲ့

ကောင်းကင်ဆီ လက်ဖ၀ါးများ ဆန့်တန်း

တိမ်သက်တန့်တွေကိုတောင် လက်ထဲမှာ ဖမ်းဆုပ်လို့….။။

 

သွဲ့သွဲ့

(Avril Lavigne ၏ Touch The Sky သီချင်းအား ခံစားရေးဖွဲ့ထားပါသည်.)

In: ကဗျာ Posted By: Date: Jan 5, 2013
Comment #1

မိုက်တယ် မိုက်တယ် သီချင်းကို ကောင်းလှပြီထင်တာ ငါ့သူငယ်ချင်းကဗျာက ပိုကောင်းတယ်..။

ကူးထားလိုက်ပြီသွဲ့လေး… ရေးဖို့ကခင်ဗျားတာဝန်၊ ကူးပြီး ခဏခဏဖတ်ဖို့က ကျွန်တော့တာဝန်ပေါ့ ဟဲဟဲ 😀

commentinfo By: 13th at Jan 5, 2013
Comment #2

Nice

commentinfo By: ei lay at Jan 6, 2013
Comment #3

အခု…

ကျွန်မ ထမ်းထားရတဲ့

ဝန်ထုပ်ဝန်ပိုးဆန်ဆန် ကမ္ဘာဟောင်းကြီးကို

အကြွေစေ့တစ်စေ့ကို ဆော့ကစားပုံမျိုးနဲ့

လေထဲ ကို လွှင့်ပစ်ခဲ့ပြီ..။

ကျွန်မလက်တွေ လေကမ္ဘာထဲ ၀ဲပျံဆော့ကစား..

ကျွန်မရဲ့ ကမ္ဘာသစ်ကို

ကျွန်မကိုယ်တိုင် ပြန်ဖြစ်တည်စေခဲ့ပြီ…။

ဟောဒါ ကျွန်မရဲ့ ကမ္ဘာသစ်

အချစ်ဆိုတဲ့ နူးညံ့တဲ့ လေပြည်ညင်းရဲ့ နယ်မြေမှာ

ဖ၀ါးတစ်ဖက်ကို မြေမှာသက်စေလျက်..

အတိတ်က ခက်ခဲစွာ ရပ်တည်ခဲ့ရတဲ့ သစ်ပင်ဟာ

အခုတော့ ရွက်သစ်များနဲ့

ကောင်းကင်ဆီ လက်ဖ၀ါးများ ဆန့်တန်း

တိမ်သက်တန့်တွေကိုတောင် လက်ထဲမှာ ဖမ်းဆုပ်လို့….။။

ခွန်အားတွေ တွေ့မြင်ခဲ့ရပါလား သွဲ့လေး…. မသေမချင်း ခင်ဗျားလေးကို အားပေးသွားမယ်နှော့

😀

commentinfo By: 13th at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment