အောက်ဆီဂျင်
အဖြူ အနက်
နေ့စဉ်ပဲ တကျက်ကျက်
ကျနော် ဟာ
ခွာသံ တခွပ်ခွပ်(လူရာဝင်ချင်တဲ့ ရောဂါ) ကြား
အ ခါ ခါ ကို မီးသေလို့
ဒီလို ယန္တရား နဲ့
အခါးဓာတ်တွေ များ လွန်း
(ခြင်တစ်ကောင်လို သွေးစုပ်ခြင်း)
ဒီလို ခြောက်ခြားမှုမျိုး ထဲ ကို
အရက်ဖြတ်ခါစလို
ကသောကရော မျော. . . လို့
မြို့ပြရဲ့ အပေါက်ကြီးထဲ
အောက်ဆီဂျင်ကလည်း ပြတ်တောက်နိုင်လွန်း
နို့နစ်ရောင် အိပ်မက် ဆာလောင်ခြင်း
မနက်ခင်းက လင်း လာတယ်
အမြင် ကလည်း ရှင်းလာတယ်
ဂျစ်ပစီနဲ့ ပလက်ဖောင်းလေးဟာ သိပ် လှတယ် ။ ။
စုန်းပြူး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service