CONSERVATIVE နှလုံးသားနဲ့ SOLIPSISMရဲ့ အိမ်မက်
CONSERVATIVE နှလုံးသားနဲ့ SOLIPSISMရဲ့ အိမ်မက်
အပြောင်းအလဲတွေ မက်မောလို့
လနဲ့နေကို နေရာရွေ့ကြည့်တယ်
စိတ်ကူးတွေ အရောင်တလက်လက်
ငါရလိုက်တာ ဘာလဲ …. ငါရလိုက်တာ ဘာလဲ…။..။
I-Q စစ်ဆေးချက်အရ Zero ကို ပိုင်ဆိုင်ခဲ့
E-Q စစ်ဆေးချက်အရ ကမ္ဘာမှာ အမြင့်ဆုံး
ပြက်လုံး အစစ်ပါ … ခပ်ဟဟ ရယ်လိုက်ကြစမ်း…။..။
ခြေထောက်တွေ ရိုက်ချိုး
ကင်းမီးတောက်ထောက်ပြီး ကမ္ဘာပတ်လို့
ဘယ်သူများ ငါ့လောက်တော်လဲ လိုက်ရှာကြည့်မိ
ဘယ်သူမှ အဖက်လုပ်ပြီး ငါ့မျက်နှာကို ငုံမကြည့်ကြဘူး…။..။
မီးစာ မရှိတဲ့ ဖယောင်းတိုင်တစ်ချောင်း
ညမှာ အရာသွင်းမခံရလို့ သူက ငိုတယ်
ခိုးရ၀ှက်ရ ၀ါသနာပါလွန်းလို့
ကြယ်တွေကို သိမ်းပိုက်လိုက်တယ်…။..။
ကန္တာရရဲ့ ရေရှိတဲ့ နေရာကို ၀ယ်ထားတယ်
အလှူပေးချင်စိတ်မပြည့်နဲ့ပေါ့
တစ်ယောက်မှ ရောက်မလာတဲ့ OASIS လေး
ခန်းနားခြင်းအပြည့်နဲ့ လှပနေတယ်…။..။
အချစ်ရေ နင်နိုးလာရင် ငါပြန်အိပ်စက်ပါရစေ
အိမ်မက်တွေက ပိုခန်းနားလွန်းလို့
ပန်းသီးတွေက ချိုမြိန်လို့
ကမ္ဘာဦးကို ပြန်သွားပါရစေ…။..။
အတွေး ရူး … ဆက်ယင်း..
အရူး တွေး … ဖြစ်ယင်း …
ရင်ခုန်ချင်စိတ်တွေနဲ့
နေ့ခင်းတွေ အိပ်ကြည့်မိတယ်…။..။
ဖိနပ်စီးပြီး ကမ္ဘာနဲ့ တသားထဲပါလို့
မပြောကြပါနဲ့ … မကြွေးကြော်ကြနဲ့
ဖိနပ်ချွတ်ထားသူ တစ်ချို့
ရယ်သံတွေနဲ့ ပစ်ပေါက်လိမ့်မယ်…။..။
ကြယ်တွေကို ကြိုးနဲ့သီလို့
လမင်းအတွက် လည်ဆွဲဖြစ်စေခဲ့တယ်
ကဗျာတစ်ပုဒ်အနေနဲ့ ဖတ်လို့တော့ကောင်းတယ်
လမင်းဇတ် လေးနေမှာတော့ ထည့်မတွက်ခဲ့ဘူး…။..။
တစ်ရက်မှာ 24 hours
ကျေးဇူးပြုပြီး ညအချိန်တွေတိုးပေးပါ
အိမ်မက်ရှည်တွေ မက်ခွင့်ရဖို့…။..။
ခံစားမှုကို ရှေ့တန်းတင်ပြီး
SOLIPSISM တစ်ကောင် ဖြစ်တည်မှုမှာ
ဘယ်သူကိုမှ မတိခိုက်စေချင်တဲ့
CONSERVATIVE နှလုံးသားတစ်ခုတော့ရှိပါသေးတယ်…။..။
လူသစ်
Comment #1
အကို့ကဗျာတွေကြိုက်သွားပြီ…