နေဖြစ်သလို
နေဖြစ်သလို
“အသစ်တစ်ခုတဲ့”
အဟောင်းလောက်ကောင်းပါ့မလား
အပြောင်းအလဲ ရှိပါ့မလား
မးခွန်းတွေမေးတုန်း
အဖြေတွေရှာတုန်း
ဒီ သုံးရာသီ
ဒီ လိုဘဲလား ?
မေးခွန်းတွေနောက်လိုက်ရင်း
အထင်နဲ့အမြင်တွေရေးရင်း
မင်ကုန်သွားခဲ့
မနက်ဖြန်တွေလည်း
မနေ့တွေမှာကျန်ခဲ့ ။
အဖြေတစ်ခုအတွက်
ဒီ စာမျက်နှာ
ဗလာကျင်းတုန်း
ဒီ မင်တံ
ကလောင်သွေးတုန်း ။
rolynn
(now/current/present)
*Wishing u blessed days, weeks and months throughout the whole year of Twenty Thirteen*
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service