ကွယ်လွန်သူရဲ့ဆန္ဒ
ငါသေသွားတဲ့ တစ်နေ့ မှာ…
ငါ့ရင်ဘတ်ကို ဖွင့်ပေးကြပါ
အသက်ရှင်ရတဲ့ခဏ ဘဝ
မွန်းကြပ်နေခဲ့ရလို့ ပါ။
ငါ့ရဲ့ခေါင်းကိုလည်း
တည့်တည့်ထားပေးပါ
စာနာမှုတရားအတွက်
ငါဘယ်သူ့ ကိုမှ ငဲ့မကြည့်ချင်တော့လို့ ပါ။
ငါ့မျက်လုံးတွေ ဖွင့်ပေးထားပါ
တစ်ခါမှမတွေ့ ဖူးတဲ့ အမှန်တရား
ကြုံရင်မြင်ဖူးသွားချင်လို့ ပါ။
ပြီးတော့…
ငါမရနိုင်တော့တဲ့ မျှော်လင့်ချက်တွေ
နောင်ဘ၀မှာ ရလိုရငြား
စောင့်ကြည့်သွားချင်လို့ ပါ။
(ဘိုနောင်-ပြည်)
Comment #2
ကြိုက်တယ်

Comment #3
ငါ့မျက်လုံးတွေ ဖွင့်ပေးထားပါ
တစ်ခါမှမတွေ့ ဖူးတဲ့ အမှန်တရား
ကြုံရင်မြင်ဖူးသွားချင်လို့ ပါ။
ပြီးတော့…
ငါမရနိုင်တော့တဲ့ မျှော်လင့်ချက်တွေ
နောင်ဘ၀မှာ ရလိုရငြား
စောင့်ကြည့်သွားချင်လို့ ပါ။
………………………………………..
………………………………………..

Comment #4
so nice,
really perfect.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်ဗျာ
တော်တော် လေး ထိမိ တဲ့ အရေးအသားဗျ