အလွမ်း..
မျက်လုံးက ကြည့်တာမဟုတ်ဘူး…
နှလုံးသားကမြင်တာပါ ချစ်သူ….
နင်နဲ့အတူတူရှိခဲ့တဲ့အချိန်…
မိုးတိမ်တွေလိုပဲ….
လွင့်မျောပျက်ပြယ်
ငါ့အနားက ပျောက်ကွယ်သွားပြီ….
အချစ်ကို ကိုးကွယ်တတ်တဲ့..
ရူးရူးမိုက်မိုက် အရွယ်လည်း မဟုတ်တော့ပါဘူး..
ဒါပေမယ့်… ငါ့ရင်ခုန်သံတိုင်းမှာ…
နင့်နာမည်ပဲ စာလုံးပေါင်းမိနေတယ်….
ပရိယာယ်ဆိုတာ မရှိ…
ဟန်ဆောင်ရကောင်းမှန်းလည်း ငါမသိပါဘူး….
ငါ့ဘေးမှာ နင်ရှိရင်….
ပျော်ရွှင်ခြင်းအတိပြီးတယ်လေ…….
လစ်ဟာနေတဲ့ ရင်ဘတ်က…
နင့်ကိုပဲ တမ်းတနေတတ်တာမို့…
လွမ်းဖျား လွမ်းနာဆိုတဲ့စကား…
ခုတော့…ငါယုံသွားပြီ…….
မျက်လုံးက ကြည့်တာမဟုတ်ဘူး…
နှလုံးသားကမြင်တာပါ ချစ်သူ….
နင်နဲ့သာ.. အတူတူဆိုရင်လေ………….
လေးညှို့ရှင်
(၁၀.၁.၂၀၁၃) (1:45 PM)
Comment #3
Yin bat g ne khan sarr mi par de.
By: ei lay at Jan 12, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
R larr larr…
Nice
Myat lone ne kyi p hna lone tarr hnit phat twar par de shin.