သံဇဉ်တွေ လွင့်ပျံနေလေရဲ့ မြစ် ပျို မ ရေ
သံဇဉ်….သံဇဉ်…..သံဇဉ်တွေ
လွင့်ပျံနေလေရဲ့ မြစ် ပျို မ ရေ
နှင်းဖြူရနံတွေ ဆွတ်ပျံနေပြန်ပါပြီ
အိပ်မက်တွေ ပြန့် ကျဲနေတယ်
ဆည်းလည်းတွေက လှလိုက်တာ
လေနုက တိုးဝင်ပျောက်
သာယာလိုက်တာ……..
စံပယ်တွေလို မဖြူပါနဲ့ အပြုံးလေးရယ်
ခရေလို မွှေးလိုက်စမ်းပါ
ပြီးတော့ သဇင်လို မျက်စလေးချီပေါ့
မနက်သစ်တွေ ခဏခဏ အပိုင်ရတယ်
တသွင်သွင်စီးပေါ့….
ငါ့ကိုလဲ ခေါ်ပါ..
လှော်တက်လေးကိုင် လိုက်ခဲ့မယ်
မျောနှင့်ကြပါ…
သူမကတော့ .လဲလျောင်းလို့ 
နံဘေးမှာလား..ကလေးမ
ဗေဒါပါ……သူလဲလိုက်မယ်တဲ့
ကဲ…….
ခရီးဆက်ကြတာပေါ့….က လေး မ . . .။
Comment #3
😉
By: ei lay at Jan 12, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာလေးကောင်းလိုက်တာရှင်