ကဗျာပေါ်သို့ ဖွင့်ဟ အန်ချခြင်း
အဆင်မပြေမှုတို့ ကြုံလာတိုင်း
ပထမဦးဆုံးမဟုတ်ပေမဲ့ 
ရင်ထဲမှာခံစားရတယ်…။
ငါ့ဘ၀အစ သုညမှာ
လူမှန်းသူမှန်းမသိသေးလို့ 
အကောင်းအဆိုးဆိုတာ မခွဲခြားမိသေးပေမဲ့ 
နှစ်အချို့ မှာပဲ ဖခင်ဆုံးရှုံးခဲ့တယ်
ဘ၀အကွေ့  လျှောက်လမ်းမှာလဲ
ရွှေမျိုးတွေရဲ့  ဆူးညှောင့်ခလုတ်တွေ
ရင်နဲ့ မဆံအောင် ခံစားခဲ့လေရဲ့ …။
အမေ မပြေလည်
အဖေ မရှိ
အစ်ကိုသည် ဘ၀တစ်ခုတည်ထောင်ထား၏
ကျွန်ုပ်သည် တေလေတစ်ယောက်ဖြစ်၏…။
လူတွေရဲ့ တံတွေးခွက်ထဲ
ကမ်းပျောက်နေတဲ့  ဇနက
မေခလာကို မမျှော်တတော့ပါဘူး
ကယ်တင်သူသည် မိမိသာဖြစ်တော့မည်…။
တစ်ခုခုကို နာကျည်းတယ်…
ငါဘာကိုနာကျည်းလဲ ပြန်မကြည့်တော့ပါ
အရာရာဟာ နာကျည်းစရာကြီးပဲ…။
မတတ်နိုင်လို့ အပျော်အပါးဆိုတာ
ကြုံရခဲတယ်…။
မပြည့်စုံလို့ ရည်းစားဆိုတာ
မထားဖူးလေရဲ့ …။
ငယ်ငယ်ကတည်းကလိုချင်တဲ့အရာ
ပညာပဲရခဲ့ဖူးတယ်…။
ဘုရားသခင်ရဲ့  အမိန့် တော်အတိုင်းပဲ
ကံကြမ္မာဆိုးတွေ လက်ဆောင်ရခဲ့ဖူးတယ်…။
ကလေးပီပီ “အမေ”
“အဲ့စက်ရုပ်လေးသားလိုချင်တယ်လို့ ”
စိတ်နဲ့ တောင်မပြောပဲ ဘ၀အတွက်နာကျည်းခဲ့ရဖူးတယ်…။
ဒီလိုနဲ့  ကျုပ်အသက်ကြီးလာခဲ့တယ်
မလောက်ငတဲ့ မုန့် ဖိုးနဲ့ 
ချမ်းသာတဲ့အပေါင်းအသင်းတွေကြားမှာ
မျက်နှာငယ်ခဲ့ရတယ်…။
ဖေးမတယ် ၊ ၀ိုင်းကြည့်တယ်ဆိုပေမဲ့ 
လမ်းကြောင်းမှားလို့ 
ကျွန်ုပ်တစ်နှစ် လမ်းဘေးရောက်သွားခဲ့တယ်…။
သူငယ်ချင်းတွေ၊ရွှေမျိုးတွေကိုလည်း…
“အမှားထောက်ပံသူများ”လို့ 
ကဗျာပေါ်မှာ တံဆိပ်ကပ်ဖူးလေရဲ့ …။
ကဗျာသည်ကျွန်ုပ်၏ ဘ၀ဖြစ်လာခဲ့သည်
ကဗျာသည်ကျွန်ုပ်၏ အဖော်ဖြစ်လာခဲ့သည်
ဒီလိုနဲ့ ပဲ ကဗျာတွေအပေါ်
ကျွန်တော့်စိတ်တွေ ဖွင့်ဟ အန်ချခဲ့ရတယ်…။
ကိုယ့်ဘ၀ကိုယ်ရေးလို့ 
ဤကဗျာသည် တယူသန်ကြီးဖြစ်နေပေမဲ့ 
ငါ့ကဗျာထဲမင်းတို့  ၀င်ကြည့်လှည့်ပါ
မင်းတို့ နာကျည်းလိမ့်မယ်….ငါ့လိုပဲ
ကဗျာပေါ်သို့  အန်ချမိလိမ့်မယ်…ငါ့လိုပဲ ။
Comment #2
nyi layy nger ber pyaw ya mhann tg ma thi tot buu

Comment #4
:'(
:'(
:'(
Really

Comment #5
Really really feel sorry

Comment #7
:'(
:'(
:'(
A yann ko wann ne mi par de.
Kou chinn le sar mi par de shin.
Ei tar so yin loafer lout kyant khine par ma lar ma ti bu.
Ei tar so yin loafer lo yin sine Ye de tat ti Shi par ma lar ma ti bu naw.
Loafer a twat laee sarr arr kya mi par de shin.
A sa sa a yar yar a sin pyay par say loh Ei Su taung myit tar poh ta par de shin.

Comment #9
Fighting.
Fighting
I believe u.
I believe u can do well
I believe u can manage well all difficulties.

Comment #11
ကလေးပီပီ “အမေ”
“အဲ့စက်ရုပ်လေးသားလိုချင်တယ်လို့ ”
စိတ်နဲ့ တောင်မပြောပဲ ဘ၀အတွက်နာကျည်းခဲ့ရဖူးတယ်…။
ကဗျာလေးက အသက်ပါလွန်းပါတယ်.. အကို…. စိတ်မကောင်းဖြစ်ရပေမဲ့ ကဗျာလေးတစ်ပုဒ်အနေနဲ့ နှစ်သက်မိ ချစ်ခင်မိပါတယ်..
ကဗျာတွေပေါ်ကို အံချလိုက်နိုင်တာကတော့ အမိုက်ဆုံးဘဲဗျာ..:D
လေးစားလျက်
နိုးဆက် နေ့

Comment #12
င်္အားတင်းထား …
မောင်လေး … ကဗျာတွေရှိတယ်
ကဗျာကိုချစ်တဲ့ ကဗျာဆရာ… ကဗျာဆရာမတွေရှိတယ်
ပြီးတော့ ကိုယ်ကိုယ်တိုင်ရှိတယ်
အားတင်းထား .. အိုကေ

Comment #13
မျက်နှာချင်းဆိုင်နေတဲ့
အခက်အခဲဆိုတာကို
လူတိုင်းလိုလိုကြုံတွေ့ကြမှာပဲ
ရင်ဆိုင်ရဲဖို့ပဲလိုတာပါသူငယ်ချင်း
ရှုံးနိမ့်ခြင်း၊အောင်မြင်ခြင်းဆိုတာ
ပရမတ်မဟုတ်တဲ့
ပညတ်တစ်ခုပါ။
သဗ္ဗေသတ္တာကမ္မသကာ။

Comment #14
ကျေးဇူးအရမ်းတင်ပါတယ်
အခုလို အားပေးစကားဝိုင်းဝန်းပြောပေးကြတဲ့အတွက်
ကျွန်တော်အခုမှ ငယ်ငယ်လေးပဲရှိပါသေးတယ်
အခွင့်အလမ်းတွေ လည်းအများကြီးရှိပါသေးတယ်
ကြိုးစားနေပါသည်…။
လေးစားလျက်
loafer

Comment #16
ကို loafer ခင်ဗျာ
ဒီကဗျာလေးကိုဖတ်နေချိန်မှာ ကျွန်တော့ရင်ဘတ်ကြီးတော်တော်အပူလောင်သွားတယ်ဗျ ဒါတောင်ကဗျာဖတ်တဲ့သူအနေနဲ့ပါ ခင်ဗျားသာဆိုရင်တော့ ဒီကဗျာရေးနေတဲ့အချိန်မှာ ဘယ်လောက်ထိရင်ထဲမှာသောကတွေဆို့နင့်နေမလဲဆိုတာ မတွေးတတ်ဘူးဗျာ ဒါပေမယ့်လည်း တစ်ခုဘဲပြောချင်တယ်ဗျ ခင်ဗျားဘယ်သူဆိုတာ ခင်ဗျားကိုယ်ခင်ဗျားသိလာတဲ့တစ်နေ့မှာ ခင်ဗျားရဲ့တစ်ချိန်က နာကျည်းချက်တွေ ၊ သိမ်ငယ်မှုတွေဟာ သူ့အလိုလိုဘေးရောက်သွားမှာပါ ဒါကြောင့် ခင်ဗျားရဲ့ဘဝခရီးမှာ ဘယ်လောက်ပဲအခက်အခဲတွေ အတိုက်အခိုက်တွေရှိနေပါစေ အဲ့ဒါတွေကိုနင်းပြီးတော့ ကိုယ့်ရည်မှန်းချက်လေးကိုပြည့်ဝအောင်ကြိုးစားပါ လုံးဝစိတ်ဓာတ်မကျပါနဲ့
လူဆိုတာ သေဖို့ရှင်သန်လာရတဲ့လူတွေချည်းပါပဲ ဒါကြောင့် မသေခင် ကျန်းမာနေတုန်းလေးမှာ စိတ်ကိုအတတ်နိုင်ဆုံးအေးချမ်းအောင်ထားသင့်တယ်လို့ထင်တယ်ဗျ ကဲစာလည်းအတော်ရှည်သွားပြီ ကျွန်တော် ခင်ဗျားကိုသူငယ်ချင်းတစ်ယောက်လိုခင်လို့ အခုလိုစာရှည်ရှည်လေးရေးမိတာပါ ကိုloafer ရေ ခင်ဗျားဒီစာဖတ်ရတာ မျက်စိတော်တော်ညောင်းသွားရင် တောင်းပန်ပါတယ်ဗျာ ~~
With respect,
RAY

Comment #17
Loafer yae,,,
A hman tine pyaw ya ma so yin ei ye daddy ka le loafer lo myo ba wa ko pine sine ke ya Thu par loh.
🙁
Ei kou chinn sarr par de.
Loafer sate dat lone wa ma kya ne naw.

Comment #18
ကွန်မန့်လေးတွေကြိုက်တယ်ဗျာ….အားလုံးကို ဝင်လေးစားသွားပါတယ်

Comment #19
ကွန်မန့် ပေးတဲ့ အစ်ကိုတွေ အစ်မတွေ အားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်…။ 🙂
ကျွန်တော်အခုမှ GTC ပထမနှစ်ကိုတတ်နေတာပါ ဒါပေမဲ့ Repeater ပေါ့ ကဗျာထဲကအတိုင်းပဲ
ကျွန်တော်သူငယ်ချင်းတွေနဲ့ အတူလမ်းမှားရောက်သွားခဲ့တယ်…။အခုတော့ပြင်ဆင်ပြီးပြန်တတ်နေပါတယ်
ကြိုးစားနေပါတယ်။အခုလည်းကျွန်တော်ခံစားနေရပါတယ်အိမ်ကိုပထမနှစ်အောင်တယ်ဆိုပြီးတော့ကျွန်တော်
ပထမနှစ်ကိုကြိုးစားပြီးပြန်တတ်နေပါတယ်လူဆိုတာတစ်ခါလောက်တော့မှားဖူးမှာပါပဲ။ကျွန်တော့်ကိုကျွန်တော်
ယုံကြည်တယ်အောင်မြင်မှုဆိုတာကိုကျွန်တော်ဖမ်းဆုပ်နိုင်မယ်ဆိုတာ။အခုလိုရင်ဖွင့်ခွင့်ရတဲ့ အတွက်လည်း
ကျေးဇူးတင်ပါတယ်ကျွန်တော်မိုးလင်းတိုင်းလိမ်ညာခြင်းနဲ့ ထခဲ့ရတာပါ။ကျွန်တော်ကဗျာဆရာတစ်ယောက်လည်း
ဖြစ်ချင်တယ်အဲ့ဒါကတော့ရည်ရွယ်ချက်ပါ။ဘ၀အတွက်ကျတော့ gtc ကျောင်းကိုတတ်နေတာပါ။
အားလုံးကိုအထူးကျေးဇူးတင်လျက်ပါ
loafer

Comment #21
ကျေးဇူးပါ bone lay htet lwint

Comment #22
ကဲ ကဗျာဆရာ စာမေးပွဲအောင်အောင်ဖြေ
အိုကေ

Comment #1
ကလေးပီပီ “အမေ”
“အဲ့စက်ရုပ်လေးသားလိုချင်တယ်လို့ ”
စိတ်နဲ့ တောင်မပြောပဲ ဘ၀အတွက်နာကျည်းခဲ့ရဖူးတယ်…။
အားပေးသွားပါတယ်ရှင် …. ကဗျာလေးက တော်တော် အသက်ပါတာဘဲ..
ကဗျာပေါ်ကို ခံစားရတာတွေ အကုန်အံချနိုင်ပါစေရှင်