ဘဝ မှတ်တိုင် တစ်ခုဆီသို့
ဘဝထဲက လူဆိုတာ..
အိမ်ရှင် မဟုတ်တာ…
ခဏနေရတဲ့ ဧည့်သည်တွေပါ…
ကိုယ် လိုရာကို အမှတ်တမဲ့နဲ့
စိတ်ထင်တိုင်း ပေါက်ကွဲ
ဖြစ်သလို အလွယ်လေး ပြော
ဖြစ်သလို အလွယ်လေး လုပ်
ပျံချင်သလို ပျံခဲ့ပြီးမှ
အဖြေမှန် မထွက်တာတော့…။
အဖြေမှန် မရှိတဲ့ ဘဝထဲ
ကိုယ် ကိုယ်တိုင်က ကလေးတွေလို
စိန်ပြေးတိုင်း ကစားတယ်ဆိုပေမဲ့
တကယ် ခံစားရတော့
ပန်းတစ်ပွင့် ပေါက်သလို
ငွေကြေးနဲ့ ဒဏ်ခတ်တာတော့
ဘယ်ကောင်းမလဲ…။
ဒါပေမဲ့…
အချိုးအကွေ့များလွန်းတဲ့
ဟိုင်းဝေးလ် လမ်းမ ကျယ်မှာ
အစိမ်းရောင် မီးရောင်ပြလို့
ပြေးချင်တိုင်း ပြေးနေတဲ့
ခေတ်မှီ စက် ကိရိယာတွေတောင်
junction တစ်ခုက မီးနီပြလို့
နားလည်မှု ရှိသေးတယ်ဆိုရင်…။
အသိတရားဆိုတာ ရှိပါစေ..
ကိုယ် အလွယ်တကူ ဝယ်ယူထားတာ
အထည်ဆိုင်က ဆိုပေမဲ့
စက်ချုပ်သမား ချုပ်ထားတဲ့
ဝတ် လက်စ ဘဝကပေးတဲ့ အဝတ်တစ်ခုဟာ
အလှအတွက် ဝတ်ဆင်တာတော့ မဟုတ်တာ…။
လူဟာ တကယ်တော့…
နေ့တိုင်း အသိတိုးပွားနေတဲ့
ခေတ် တခေတ်ရဲ့ လက်နက်ကောင်းပါ..
ကိုယ်က ကောင်းတဲ့ ဘက်မှာ ရပ်တည်လိုက်ပါ..
ကိုယ်ဘက် ပြန်ကြည့်မည့်
ကြေးမှုံပြင်က ရောင်ပြန်ဟာ
ကိုယ့် ရုပ်တူ လက်ခံမည့် သူပဲလေ…။
သို့သော်….
ကိုယ့် ဘဝ တစ်ခြမ်း အမှောင်ကျနေလို့
သူတစ်ပါးရဲ့ မီးအိမ်ကို အကူပြုတာတော့ မဟုတ်ဘူး..
လူဟာ ဘဝမှာ မှတ်သားချက်ဆိုတာ ရှိတယ်..
ကိုယ်က လူတွေကို မျှော်လင့်ချက်နဲ့ ပေါင်းတာထက်
သူ့ မျှော်လင့်ချက်တွေကို တတ်နိုင်သလောက်
ကူညီပေးလိုက်တာ အကောင်းဆုံးပါ…။