ပျောက်ဆုံးနေသော
တစ်ခုခု မှားနေတယ် ဒါပေမယ့် အဖြေအတိအကျကိုမသိဘူး
ဒီနေရာက နေ အစကိုပြန်သွားကြည့်ရအောင်
ဟုတ်တယ် ….. သူ့ကိုကျွန်တော်တကယ်ချစ်(ခဲ့)တယ်
မရိုးသားမှုတွေ 56% နှုန်းနဲ့ပေါ့
တစ်နာရီကို သွေးခုန်နှုန်း အမြန်ဆုံးမိနစ်တွေအဖြစ်ပြောင်းခဲ့တယ်
သွားပြီ
12နာရီအတိမှာ …အသံပြတ်တောက် ကျွန်တော် အိပ်သင့်ခဲ့ပြီလေတဲ့
တစ်ခုခုမှားနေတယ်
အဲဒီတစ်ခုခုရဲ့ ပိုင်ရှင်ဟာ ကျွန်တော်ပဲဖြစ်တယ်
လေကို မြေလို ချသုံး ယုံကြည်မိခဲ့တာ
အဲဒီတစ်ခုခုဟာ အခုချိန်ထိ ရှင်သန်နေတုန်း
အခုဆို ကျွန်တော်နံမည်ကိုတောင် သူမေ့လောက်ရောပေါ့
ဟုတ်တယ်
အဆက်အစပ်မရှိအောင်ပြတ်တောက်နေတဲ့ လိုင်းဟာ
ကျွန်တော်နဲ့သူ့ကြားက မျှော်လင့်ချက်ရောင်ခြည်တန်းဖြစ်ခဲ့တယ်
မမှုသလို အရေးမစိုက်သလိုနဲ့ အဲဒီ ဓာတ်ပုံကို အငေးမှာ
ရင်ခွင်တခုလုံးဆွေးကျန်ခဲ့တယ်
တကယ်ပါ
ကျွန်တော်တို့  ဝေးသာဝေးခဲ့တာ…နီးလည်းမနီးခဲ့ဖူးပါဘူး
တစ်ခုခုမှားနေတယ်
သူပေးခဲ့တာ သံသယ ကျွန်တော်ရခဲ့တာ နာကျင်မှု
လမ်းတွေ လွဲနေတဲ့ ရပ်ဝန်းဟာ သူ့ရင်ဘတ်ရဲ့ အခမ်းအနားတစ်ခုဖြစ်တယ်
နှစ်နှစ်ခြိုက်ခြိုက်ပါပဲ ကျွန်တော် အခါးမှန်း မသိ မြိုချရဲခဲ့တယ်
ခံတွင်းပျက်ကြောင်ဆိုတာ … အနံ့နဲ့ အရသာ ခွဲမတတ်ခဲ့ဘူးလေ
ဟုတ်တယ် တစုံတခုဟာ မှားယွင်းနေဆဲ
ကျွန်တော့်မှာ အတိတ်နဲ့ အနာဂတ်ဟာ ထပ်တူကျ လွမ်းနေရတာပဲမို့ .
ဇာတ်ဆရာလား ကံကြမ္မာလား တစ်ခုခုကို ကျွန်တော်ပြောချင်တယ်
ဒီပြဇာတ်မှာ တစ်ခုခုမှားနေတယ်
အဲဒါကို ပြင်ဆင်ခွင့် …ပြုပေးပါ
မျှော်လင့်ချက်ဆိုတာ … အနာဂတ်အတွက် အရောင်တောက်သင့်တယ် မဟုတ်ပါလား?
(ရေးထားတာကြာပြီဗျ…. )
Comment #2
Hna lone tarr hnit phat shu khan sarr twar par de

Comment #3
ဟုတ်..ပျောက်နိုင်လွန်းတဲ့ . ဦးလေးမိုးထက်….နဲ့ ကျွန်တော်ညီမချစ်လေး ကို အထူးကျေးဇူးတင်ပါတယ်

Comment #4
ခံစားပေးသွားပါတယ်…

Comment #5
Brilliant Writing ~~
မှင်ကုန်နေလို့ စာတိုတိုဘဲရေးသွားတယ် မမမိုးရေ 🙂
With respect,
RAY

Comment #6
Feel again

Comment #1
အားပေးသွားပါတယ်ဗျာ….
ကဗျာလေးကောင်းတယ်