ကောင်မလေးအတွက်မွေးနေ့ကဗျာ
Happy ဆိုတဲ့ ပျော်ရွှင်ခြင်းတွေ
Birthday ဆိုတဲ့ မွေးနေ့မှာ
For You ဆိုတဲ့ မင်းအတွက်ဖြစ်ပါစေလို့
ကိုယ်ဆုတောင်းပေးလိုက်ပါတယ်။ ။
Sometime ဆိုတဲ့ တခါတရံမှာ
Sad ဆိုတဲ့ ၀မ်းနည်းမှုတွေ ကြုံလာခဲ့ရင်
For you ဆိုတဲ့ မင်းအတွက် မဖြစ်ပါစေနဲ့လို့
ကိုယ်ဆုတောင်းပေးလိုက်ပါတယ်။ ။
Something ဆိုတဲ့ တစ်စုံတစ်ခုကြောင့်
Grief ဆိုတဲ့ သောကတွေ မင်းမှာရှိခဲ့ရင်
Forget ဆိုတဲ့ မေ့ပျောက်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ပါစေလို့
ကိုယ်ဆုတောင်းပေးလိုက်ပါတယ်။ ။
One-time ဆိုတဲ့ ဟိုတချိန်ကအတိတ်ကို
Moral ဆိုတဲ့ သင်ခန်းစာယူပြီး
Future ဆိုတဲ့ အနာဂတ်မှာရှင်သန်နိုင်ပါစေလို့
ကိုယ်ဆုတောင်းပေးလိုက်ပါတယ်။ ။
Oneday ဆိုတဲ့ တနေ့မှာ
Achievement ဆိုတဲ့ အောင်မြင်မှုတွေနဲ့
Desire ဆိုတဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါစေလို့
ကိုယ်ဆုတောင်းပေးလိုက်ပါတယ်။ ။
Worn-out ဆိုတဲ့ ဟောင်းနွမ်းမှုတွေရှိနေပေမဲ့
Fresh ဆိုတဲ့ လတ်ဆတ်ခြင်းတွေရှိနေတဲ့ တေးတစ်ပုဒ်
For you ဆိုတဲ့ မင်းအတွက် အဝေးကနေဘဲ
ကိုယ်ဆုတောင်းရင်း သီဆိုပေးလိုက်ပါတယ်။ ။
Happy Birthday to you……
Happy Birthday to you……
Happy Birthday….. Dear friend you…
Happy Birthday to you….
Comment #1
Omg…
Heart ko a g g hti twar p.
A yann mike de.