လမ်းပေါ်ကလူငယ်တစ်ယောက်ရဲ့ခေါင်းစဉ်မဲ့ 
ဂျိုးဖြူတွေအိပ်တန်းပြန်တော့မယ်။
သူစားသုံးခဲ့တဲ့
အကြွင်းအကျန်တွေလိုက်ကောက်ရင်း
ငါသူ့ ကိုထွက်ခွာခွင့်ပြုရတော့မယ်။
လောကကြီးကမိုနာလီဆာလိုပြုံးတယ်။
ရာဘင်ဒရာနတ်တဂိုးရဲ့ ကဗျာတွေက
လူတစ်ယောက်ရဲ့ ခံစားမှုမျက်ရည်ကို
ဆွတ်ခူးသတဲ့ ။
ငါ့မှာတော့…..
အာလူးစားသူများရဲ့ မျက်လုံးတွေလို
မျက်လုံးများနဲ့ ။
အကယ်၍သာ…..
နာရီကလက်တံတွေ
ဘယ်ဘက်ကိုလည်နိုင်ရင်
ကျွန်တော်ဟာလူတွေကြားထဲ
ပြောင်းပြန်သွားနေလိမ့်မယ်။
အကယ်၍သာ…..
ကျွန်တော့်အသိဟာ
တစ်ထွာတစ်မိုက်ထက်ရှည်ခဲ့ပါက
လောကကြီးကပြုံးနိုင်ဦးမယ်မထင်ပါ။
အကယ်၍သာ…..
ကျွန်တော်ဟာ
စေတန်သော်လည်းကောင်း
မာရ်နတ်သော်လည်းကောင်း
တစ်ယောက်ယောက်နဲ့ 
မိတ်ဆွေဖြစ်ခွင့်ရရင်
ရေနွားကိုလယ်သမားလုပ်ခိုင်းမယ်။
မိုးဇက်ကိုဖိနပ်လုပ်ခိုင်းမယ်။
ကျွန်တော်ဟာအဲ့ ဒီလိုကောင်။
ဆူကြုံနိမ့်မြင့် သဘောတရားကိုနားမလည်လို့ 
အိုင်းစတိုင်းကိုကြုံရင်မေးပေးပါ။
ကြုံရင်မေးပေးပါ။
ဂျိုးဖြူတွေအိပ်တန်းပြန်သွားတာကို
ဒီအတိုင်း…..
ဒီအတိုင်းထိုင်ကြည့်ခဲ့ ရတယ်။
အဲ့ဒီနေ့ ကစပြီး
နေ၀င်မိုးချုပ်
ကျွန်တော်ဟာရိုဒင်ရဲ့ 
thinker နဲ့ တူတူလာတယ်။
အဲ့ဒီနေ့ ကစပြီး
နေ၀င်မိုးချုပ်
ခေါင်းငုံ့ ခြင်းကိုအကျင့်ပါခဲ့တယ်။
အဲ့ဒီနေ့ ကစပြီး
နေ၀င်မိုးချုပ်
နေ၀င်မိုးချုပ်
သူ့ အတွက်တကျော်ကျော်အော်နေရတယ်။
တစ်ယောက်ယောက်ကူညီပါ
သူသွားတော့မယ်။
တစ်ယောက်ယောက်ကူညီပါ
သူ့ ကိုသွားခွင့်မပေးပါနဲ့ ။
တစ်ယောက်ယောက်ကူညီပါ
သူပြန်လာအောင်…..
သူပြန်လာအောင်…..
ကိုယ့်ပေါ်ကျရောက်သော
သက်ရောက်မှုတိုင်းသည်
ကိုယ့်ကြောင့်သာဖြစ်သည်။
တစ်ယောက်ယောက်သူနဲ့ 
တွေ့ ခဲ့ ရင်ပြောပေးပါ
သူပြန်လာခဲ့ ရင်
ဂျိုးဖြူတွေအိပ်တန်းတက်တဲ့နေရာကို
အတူတူရှာကြမယ်လို့ ။
Comment #3
ဟုတ်ပါတယ်…..အခုလိုမှတ်မိတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။
Comment #4
ကဗျာလေးက အမြင်အသစ်လေးဗျာ။တိုက်ဆိုင်တာရော ကဗျာကောင်းတာရော နှစ်ခုရောသွားတယ်ထင်တယ်။ ဘယ်လိုဝေဖန်ရမလည်းတောငါမသိဘူးဗျာ။ ဒီလိုကဗျာလေးတွေကိုနောက်လည်းဖတ်ချက်တယ်ဗျာ။
ကာရန်မရှည်ဘူး
ထိတယ်
မိတယ်
။
Comment #5
ကိုယ့်ပေါ်ကျရောက်သော
သက်ရောက်မှုတိုင်းသည်
ကိုယ့်ကြောင့်သာဖြစ်သည်။
Comment #1
Yin bat g hnit khan sarr twar par de