‘ည’ တာရှည်တာ ‘ည’
ပုံပြင်တစ်ခု
ပြဇာတ်တစ်ပုဒ်
အိမ်မက်ထဲမှာ
လူဆိုးကဘယ်သူလဲ….
မင်းသားကဘယ်သူလဲ….
ငါကဘယ်နေရာကလဲ….
ကလေးတွေကိုသက်ညှာသောအားဖြင့်
ပုံပြင်တွေကိုအဆုံးသတ်ပေးပါ။
ပိတ်ကားကိုချပေးပါ။
အနှောင်အဖွဲ့ ကင်းစွာ
အပြစ်ကင်းစွာ
နိုးထခွင့်ပေးပါ။
မပြေးနဲ့ လေ
မပြေးပါနဲ့ ….
နောက်တစ်နေ့ မနက်ရောက်လာတာပါ။
နေခြည်ရဲ့ အလင်းရောင်ကိုတိမ်းရှောင်လို့ 
ဘယ်ရပါ့မလဲ ကလေးရယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
@_@
@_@
@_@