အန်စာတုံး နဲ့  ကျပ်ပြားစေ့
အန်စာတုံးတွေ
ခေါင်းပန်းတွေလည်း
အကြိမ်ကြိမ်ကျခဲ့ပေါ့
မြေပြင်ကျယ်ကျယ်မှာ
ငါ့ပုံကအခုထိ
ဝေေ၀၀ါးဝါး။
လက်ဖျားမှာလက်ချောင်းတွေမှာ
အဆစ်တွေမှာ
ခါးမှာ ပုခုံးမှာ
ခြေဖ၀ါးမှာ
ကြိုးတန်းတွေရှည်လျားလိုက်တာ
ဖြတ်ချတော့လည်း
ငါကပုံလျက်သားလဲကျ။
အခုထိ
ဒီအချိန်ထိ
ငါ့ကိုယ်ငါမသိဘူး
သူတို့ လည်းမသိဘူး
ခင်ဗျားတို့ လည်းမသိဘူး
လောကကြီးကတောင်မသိဘူး။
ဖြစ်ပုံက…
ပျက်ပုံက….
ဖြစ်ပွားပုံက….
ဒီလိုနဲ့  ဟိုလိုနဲ့ 
ငါဟာ….
မပြီးဆုံးသောပန်းချီကားကို
ဇိမ်ခံကြည့်တယ်။
ဆေးပေါ့လိပ်နဲ့ တွဲတယ်။
ခေတ်နောက်ကိုလိုက်တယ်
ခေတ်နောက်လိုက်တော့မဟုတ်။
ပန်းပုရုံတွေဆီသွားတယ်
သွန်းလောင်းမှုမဟုတ်တဲ့ 
ပုံစံခွက်တွေဆီ။
အခုတစ်ခါ
အန်စာတုံးကိုလှိမ့်တယ်
ပန်းကျတယ်။
အဲ့ဒီလိုနဲ့ 
ကောက်ကွေးတဲ့လောကကြီးထဲ
ငါဟာ
ကောက်ကွေးစွာဝင်သွားတယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Mike ei