လူကြီးလူကောင်းတွေသတ်တဲ့ပွဲမှာ
ဖန်တရာတေထပ်နေတဲ့စကားလုံးတွေကို ဥပစ်ခါနဲ့ဟန်ပြလုပ်
ဟက်ဟက်ပက်ပက်ရယ်ဖို့ မနက်ခင်းက ခြောက်သွေ့လွန်းခဲ့တယ် ။
စလုံးရေစကတည်းက ခပ်လွဲလွဲရေစီးကြောင်းဟာ
ကျည်တောက်စွပ်တဲ့ခွေးမြီးကောက် ဖြောင့်သွားတဲ့အထိ
ဖြောင့်မလာခဲ့တာ ညနေခင်းက ကင်ဆာတွေဖြစ်လို့ ။
ဘယ်လိုလုပ်မလဲ အခုတော့ အပိုစကားတွေဆို
တခါတခါကလူကျီစယ်တဲ့အထိအတွေ့တချို့က
ဆောင်းဝင်နေတဲ့ သုဘရာဇာတစ်ယောက်အလား ။
ဘဝကြီးရယ် ခြောက်သွေ့ခြင်းအတွက်အဆုံးစီရင်ရမှာလား
အလိုမပြည့်ခြင်းအတွက် အဆုံးစီရင်သင့်သလား
ဖြစ်မလာခြင်းအတွက် အဆုံးစီရင်သင့်သလား ။
ငိုခြင်း ၊ရယ်ခြင်းနဲ့ မပက်သက်ခဲ့ရင်ဘယ်လောက်ကောင်းလိုက်မလဲ
ကျားသွေးကိုမဖောက်သောက်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ
လှိုက်စားခဲ့သောနေ့ရက်တွေကို ကျော်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ
ကဲ အခုတော့သိပြီ
မျက်ကန်းတစ်ယောက်ရဲ့စေတနာဟာ အပင်းတစ်ယောက်အတွက်ဝေဒနာတွေဖြစ်လို့
ပန်းခင်းထားတဲ့ လမ်းတွေကိုရုတ်သိမ်းပေးပါ
ငါ့လမ်းငါခင်းပြီး ဆူးစူး ခြေဖနောင့်ပဲပေါက်ပါရစေတော့ ။ ။
Comment #1
good to see u 🙂