Professional Authors

ခရီးသည်သို့အလွမ်း


ဆေးလိပ်အတို
နေအညိုမှာ
အိမ်ကို ဆရာ ပြန်သွားတယ်………

မနီကလေး
ထီးဆောင်းပေးရင်း
ငိုကြွေးသံတို့ ညံခဲ့တယ်………

ဗုဒ္ဓထံပါး
ဆရာသွားတယ်
တရားနဲ့သာ ဖြေပါကွယ်……….

ခွပ်ဒေါင်းအလံ
မိုးပေါ်ပျံဖို့
သက်နှံသစ္စာမြဲခဲ့တယ်…….

သစ်ရွက်အကြွေ
မှတ်တမ်းတွေလည်း
ရှာဖွေတင်ပြပေးခဲ့တယ်……..

ဘယ်ခါမမှိန်
ဖန်မီးအိမ်လည်း
ထိန်ထိန်ရောင်ဝါ လင်းလက်မယ်…..

အညာရဲ့လမ်း
တမာတန်းမှာ
လန်းဆန်းအားအင်ဖြည့်ခဲ့တယ်……..

ဆေးလိပ်အတို
နေအညိုမှာ
အိမ်ကို ဆရာ ပြန်သွားတယ်………

          (ဘဲရှုပ်)
           ၂၂.၁.၂၀၁၃
(ဆရာဦးတင်မိုး ကွယ်လွန်ခြင်း (၆)နှစ်ပြည့် အမှတ်တရ)

In: ကဗျာ Posted By: Date: Jan 27, 2013
Comment #1

ဟောဒီလို ကဗျာမျိုးလေးတွေ အရမ်းကြိုက်တယ်ဗျာ..

စာရေးဆရာ…..ကဗျာဆရာတွေ ကျွန်တော်တို့လဲ နှမြောမိတယ်လေ…

အားပေးပါတယ်… ကဗျာကောင်းလေးကို

commentinfo By: နိုးဆက် နေ့ at Jan 27, 2013
Comment #2

Arr pay twar par de

commentinfo By: ei lay at Jan 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment