ပြဌာန်းချက်
မွတ်မွတ်သိပ်သိပ်နဲ့ပဲ
ညတွေကိုခွဲထွက်ခဲ့တယ်
နာမည်တစ်ချပ်ကိုလွယ်ရင်း
မြစ်ပေါင်းများစွာနဲ့ စစ်ခင်းခဲ့
ပန်းပန်တဲ့ဓားတစ်လက်အတွက် ဖတ်စာပေါ့လေ…
ကြိမ်မီးအုံးထားတဲ့ ကောင်းကင်ရယ်
ဆောင်းအလယ်တည့်တည့်က ပန်းချီတစ်ရွက်ရယ်
နောက် ရိုးတံရှည်အိပ်မက်တွေနောက်
လောင်းရိပ်ပျောက်ရှာရင်း
ငါတို့ချင်းလဲ သင်းကွဲခဲ့ပြီမေ…
အဆင်ပြေရင်တော့
ဖုန်းဆက်ကြည့်လိုက်ပေါ့လေ
သံသယမကွဲခင် နေချင်နေပါ
နေ့စွဲဝါ၀ါတွေကတော့
ခေါင်းမပါပဲ ဆက်လျှောက်ကြအုံးပေါ့…
ရင်ဘတ်နဲ့သွန်းတာတောင် မရမှတော့
ဘာရယ်လို့ မသမုတ်ချင်ပါဘူး
ဆံမျှင်ပါးပါးတွေ ပင်လယ်မှာဝေလို့
ညနေတွေတောင် အပိုင်းပိုင်းအထစ်ထစ်
ကဲ ဒီသက္ကရာဇ်မှာ နာမည်ချန်ရစ်ခဲ့မယ်…
မျက်ရည်လောင်းပြီးပွင့်တဲ့ရင်ခွင်ခေတ်အလွန်မှာ
တိုးလျိုးတောင်းပန်ခြင်းသည်းခံပါ
စံပယ်တွေရွာတုန်းကဖြစ်တဲ့စစ်ဟာ တရားတယ်ဆိုရင်
ခု ပန်းနုရောင်စီရင်ချက်ကို လက်ခံရမှာပေါ့ကွယ်
တကယ်တော့ တို့တွေ အရင်ကချစ်ခဲ့ကြပါတယ်…
Comment #2
တကယ်တော့ တို့တွေအရင်က ချစ်ခဲ့ဖူးပါတယ်
မိုက်တယ် ဒီစာသားလေးကို သဘောကျတယ်ရှင့်
Comment #1
Lots of secrets in this poem.
🙂