မိန်းကလေးရေ….
သြော်…မိန်းကလေးရယ်
ကြယ်တွေတောင်…ရိပ်မိနေပြီ
မင်းကိုသတိရရင်…ကောင်းကင်ကိုမော့ကြည့်ပြီး
လမင်းကိုရင်ဖွင့်တဲ့ အဖြစ်ကို…။
သြော်…မိန်းကလေးရယ်
ငါ့နှလုံးသားကို…မြူတွေလိုပဲ
အပေါ်ယံမျှသာ…လွှမ်းခြုံထားဦးမှာလားကွယ်…။
သြော်…မိန်းကလေးရယ်
မင်းငါ့ကို…ဆောင်းရာသီလို
အေးတိအေးစက်…မလုပ်ပါနဲ့ လား…
နွေဥတုလို…မင်းပါးနုနုလေးကို
နမ်းခြွေပါရစေသား…
မိုးတိမ်တွေလို….၀ိုင်းနှိမ်ကျမယ့်
အဖြစ်ကိုမင်းလိုလားလို့ လား…
ဥတုသုံးပါးသက်သေထား
ငါ့အချစ်ထာဝရတည်တံ့ပါစေသား….။
Comment #2
ကောင်းတယ်
Comment #1
Wow,,
loafer kwa.
heart hti twar p.
😛