ခုနှစ်ရောင်ပေါင်းထားတဲ့ အရောင်ထဲချစ်သူရှိတယ်………..
ခြေတစ်လှမ်းအကြွနဲ့  ရှင်သန်ခဲ့တဲ့နေ့ လေးထဲ
ချစ်သူရှိတယ်………
ဖြစ်ချင်ရာဖြစ်ဆို…ပုံပြောင်းပြီး
အချစ်သစ်နဲ့  ဆက်ချစ်ချင်တယ် ချစ်သူ
မာနနဲ့ အတ္တ ဘာရွေးမလဲမေးရင်
နုတ်ပိတ်ထားချင်တယ်
လုပ်ချင်ရာတွေလုပ်ခွင့်ရှိရင်
ကမ်းပါးလေးပေါ်ထိုင်…..ဆေးလိပ်သောက်ချင်တယ်
လေနုအေးတော့ နည်းနည်းရှုသွင်းလိုက်မယ်
အိပ်မက်တွေမက်ခွင့်ရှိခဲ့ရင်…….
ခဏခဏ သတို့ သားဖြစ်ခွင့်ရချင်တယ်(ဆရာတာရာမင်းဝေလို ကြယ်ကြွေသတို့ သားတော့ဟုတ်ဘူး)
ငါကကြယ်ကြွေမှာကြောက်တယ်..
ပြောင်းလဲခွင့်ရှိရင်တော့……
ချစ်သူရေ..ငါနောက်တစ်ခေါက် ပြန်ချစ်ရုံလေးပါ
ဒါပေမယ့် အချစ်သစ်နဲ့ ပေါ့………
ခု..နင်ရှိနေမယ့် ရပ်ဝန်းလေးထဲမျှော်လို့ …ကောင်းကင်ထဲနင်လဲကြည့်တော့ကြည့်မှာပါ….
ပြီးတော့…………..တစ်….မိုး……အောက်..ထဲပါ ချစ်သူ၇ယ်…။
Comment #4
ကဗျာလေးကောင်းပါတယ်ဗျာ…
အားပေးသွားပါတယ်။
By: moehtetaung18 at Feb 5, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Wow..nice creation.
Sa kar lone tway ka a yann mike de.
Idea tway ka lan htwke nay tar be.
Good luck with ur new new one.
Be ok with everything.
🙂